Friday, July 26, 2013

မြန်မာနိုင်ငံတွင် ညစ်ညမ်းကိစ္စဖြန့်ဖြူးမှုများ အရေးယူရန် အရေးတကြီးလိုအပ်နေ

Posted by drmyochit Friday, July 26, 2013, under | No comments




ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲမှုများပြားလာသည့်နည်းတူ အင်တာနက် လူမှုရေး ကွန်ရက် စာမျက်နှာ များနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက်ရိုက်ကူးထားသော ဗီဒီယိုမှတ် တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များဖြစ်ပေါ်လာမည်ကို စိုးရိမ် လျက်ရှိကြသည်။

လတ်တလောကာလတွင် ရေပန်းစားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူနှစ်ဦး၏ လိင်ကိစ္စ ဗီဒီယို မှတ်တမ်း အပါအ၀င် အနုပညာရှင်များ၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်းများကို ခိုးဝှက်ရိုက်ကူး၍ အင်တာနက် တွင် ပျံ့နှံ့စေခြင်းဖြင့် မလိုလားအပ်သော လူမှုရေးဆိုးကျိုးများဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ လူမှုရေး ဆိုးကျိုး များ ဖြစ်စေသည့် ဗီဒီယိုမှတ်တမ်းများကို ရိုက်ကူးဖြန့်ဝေသူများကို အရေးယူ ရန်ဆိုင် ရာဥပဒေပြဋ္ဌာန်း ချက်များ ရှိ သော်လည်း သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများလုံးဝမရှိဘဲ မသိကျိုး ကျွန်ပြုလျက် ရှိကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ နိုင်ငံတွင်းလုပ်ကိုင်လျက်ရှိသော ပြည့်တန်ဆာအချို့က ၄င်းတို့၏ အဖော်အချွတ်ပုံများကို အင်တာနက်တွင်တင်၍ ဖိတ်ခေါ်မှု များပြုလုပ် လျက် ရှိသည်။ ထိုလုပ်ဆောင်ချက်များအပေါ် သက်ဆိုင်ရာပြည့်တန်ဆာဥပဒေဖြင့် ရှာဖွေ အရေး ယူ၍ရသော်လည်း သက်ဆိုင်ရာမှဆောင်ရွက်ခြင်းမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြသည်။ အင်တာ နက်လူမှု ကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော အဖော်အချွတ်ပုံများတွင် မြန်မာ အမျိုးကောင်း သမီး အချို့ကို ခိုးဝှက် ရိုက်ကူးထားသည့် ပုံများလည်းပါရှိနေ၍ ထိုကာယကံရှင်အမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိ က္ခာကို ထိခိုက်လျက်ရှိသည်။

ထိုဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြု၍ ညစ်ညမ်းကိစ္စရပ်များ ဖြန့်ဖြူးမှုတို့အပေါ် အစိုး ရက သက်ဆိုင်ရာတည်ဆဲဥပဒေများအတိုင်း ရှာဖွေဖော်ထုတ် အရေးယူသွားရန် အရေးတကြီးလိုအပ် နေပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင်လှိုင်ကပြောသည်။

Myanmartandawsint Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်