Sunday, August 25, 2013

တောင်ပေါ်သားခရီးသည်တင်ယာဉ် အမြန်လမ်းတွင် လမ်းဘေးထိုးကျ

Posted by drmyochit Sunday, August 25, 2013, under | No comments


ရန်ကုန်မှ နေပြည်တော်ကို ထွက်ခွာလာသည့် တောင်ပေါ်သား ခရီးသည်တင် ယာဉ်သည် ယနေ့မွန်းလွဲ၂နာရီ ဝန်းကျင်တွင် အမြန်လမ်းမ မိုင် တိုင်အမှတ်-၁၅၇/ရတွင် လမ်းပြု ပြင်ယာဉ်ကိုတိုက်မိပြီး လမ်းဘေး မြောင်းအတွင်း ထိုးကျမှုတစ်ခုဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က တောင်ငူ မြို့နယ် သာဂရရဲစခန်းအပိုင်ဖြစ် သည့် မိုင်တိုင်အမှတ် ၁၅၇/ရ တွင် ယာဉ်မတော်တဆမှုဖြစ်ပေါ် ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် တောင်ပေါ်သားယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်၂ရဦး သည် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်လုပ်သားတစ်ဦး ဒဏ်ရာအ နည်းငယ်ရရှိခဲ့ကြောင်း သာဂရ ရဲစခန်းမှ ယာဉ်တိမ်းမှောက်မှုကို စစ်ဆေးနေသည့် ရဲဝန်ထမ်း၏ပြောကြားမှုအရ သိရသည်။
''ဘေးကကားလေးကို ကျော် ဖို့ လမ်းပေးတာ ကားလေးကမ ကျော်ဘူး။ သူက ကားလေးမကျော် လို့ ကျော်တက်လိုက်တယ်။ အဲဒီ မှာ လမ်းပြင်နေတဲ့သူတွေရှိနေ တော့ တိုက်မိမှာစိုးလို့နဲ့တူတယ်။ လမ်းဘေးကို ဆွဲချလိုက်တာ''ဟု တောင်ပေါ်သားယာဉ်နှင့် လိုက်ပါ လာသည့် ခရီးသည်အမျိုးသားတစ် ဦးက အခြေအနေကို ပြောသည်။
သာဂရမြို့နယ်ရှိ ရဲကင်းမှ ရဲဝန်ထမ်းက ''အခုယာဉ်ကို ကရိန်း ကားနဲ့ပြန်ဆွဲတင်ဖို့ လုပ်နေကြ တယ်။ လူထိခိုက်မှုမရှိဘူး။ ဥပဒေ အရအမှုဖွင့်သွားမယ်''ဟု ပြော သည်။
လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့သည့်အတွက် တောင်ပေါ် သားယာဉ်၏ဦးခေါင်းပိုင်း ပျက် စီးသွားကြောင်း သိရသည်။

သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်