Sunday, August 25, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား

Posted by drmyochit Sunday, August 25, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်မြန် မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါအနီးပတ်ဝန်းကျင်ရှိသူများက
သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင်မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်ကထန်းကုန်းကျေးရွာသို့လာရောက်အလုပ်လုပ်ကိုင်သည့် အသက်၁၉ နှစ်အရွယ်အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုး စားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင်ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်ကနယ်မြေခံရဲစခန်းသို့ရောက်ရှိလာပြီးတရားခံအားထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများစတင်ဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့်မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ ၀င် ၅၀ ခန့်က အခြေ အနေကို ထိန်းသိမ်း ရန်ကြိုးပမ်း လျက်ရှိကြောင်း သိရှိ ရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှနယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေ အနေကို ၀ိုင်းဝန်ထိန်းသိမ်းနေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များရောက်ရှိ ကာ မီးငြိမ်း သတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက် မှသတင်းပေးပို့သည်။

"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့မတွေ့ရပါဘူး။ဒါပေမဲ့ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေကအခုထိရပ်တန့် သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြားရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ် လာမှာကို ဒေသခံတွေအားလုံးစိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်ကသြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။

ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများဆက်လက်ဖြစ်ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို
ထိန်းသိမ်းနိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်းကနဦးသတင်းများအရ သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်