Saturday, August 03, 2013

ခြံစည်းရိုးကာရာမှ ဖြစ်ပွားသည့် မင်းဓမ္မပန်းဝင်းပဋိပက္ခကြောင့် လူငါးဦး ဒဏ်ရာရရှိ

Posted by drmyochit Saturday, August 03, 2013, under | No comments


ရန်ကုန်မြို့တော်ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ စည်ပင် သာယာရေးကော်မတီမှ ၀န်ထမ်း များသည် မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ပန်းဝိုင်းအား ခြံစည်း ရိုးကာခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ် ပန်းဝင်းနေထိုင်သောပန်းဥယျာဉ်နှင့်ပျိုးပင်လုပ်ငန်းရုင်များနှင့် အချင်းများ မှုများဖြစ်ပွားခဲ့သည်။

မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် တောင်ဝင်လမ်းထောင့်ရှိ မင်းဓမ္မပန်းဝင်းအား သြဂုတ်လ ၂ ရက်နေ့ မနက် (၂း၀၀) နာရီခန့်ကတည်းကပင် စည်ပင်ဝန်ထမ်းများသည် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့ကြခြင်းပြီး မနက် (၇း၃၀) နာရီတွင်ဝန်းအတွင်းရှိ ပန်းပင် လုပ်ငန်း လုပ်ကိုင် သူများက ခြံစည်းရိုးမခတ်ရန် ပြောဆိုရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့က မနက်၂နာရီလောက်ကတည်းက ရောက်လာပြီး ခြံစည်းရိုးတွေခတ်နေတာ။ ၀င်းထဲကလူတွေ အကုန်လုံး ကလည်း အိပ်နေတော့ ဘယ်သူမှမသိကြဘူး။ တ၀န်းလုံးပိတ်ဆို့ပြီး မနက် ၅ နာရီလောက်မှ သိရ တာပါ” ဟု ၀င်းအတွင်းနေထိုင်သော အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါပန်းဝင်းအား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ၎င်းတို့သတ်မှတ်ပေးထားသော မြေနေ ရာဖြစ် သည့် သာကေတ မြို့သို့ ဧပြီလမှစတင်ကာ ပြောင်းရွေ့ခိုင်းထားခြင်းဖြစ်ပြီး ယခုအချိန်ထိ မပြောင်းရွေ့သေးသောကြောင့် ထိုနေရာအား စည်ပင် အလုပ်သမားအင်အား ၁၅၀ ကျော်ခန့်နှင့် စည်ပင်ရဲများ၊ ပန်းဥယျာဉ်ဌာနမှ ဌာနမှူးဦးကိုကိုလင်းနှင့်ဝန်ထမ်းများက ခြံစည်းရိုးများ လာရောက် ကာရံရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီမှာ ကျွန်မတို့အတွက် လမ်းပေါက်လေးတော့ ဖွင့်ပေးထားပေးပါဦးဆိုပြီး ကျွန်မတို့တွေက ၀င်းထိပ်မှာ ရပ်ပြီးတော့ မေတ္တာ ရပ်ခံတာပါ။ အဲဒါကို သူတို့ဘက်နေစပြီးတော့ ခဲတွေနဲ့ပစ်တယ် ၀ါးချွန်တွေ နဲ့လည်း ထိုးပြီး အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့လုပ်ဆောင် သွားတာပါ”ဟု နော်ဝတီပန်းဆိုင်မှ ဒေါ်နီဝါလွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပန်းဝင်းနေ ပြည်သူ ၅ ဦး ဒဏ်ရာရရှိပြီး လူငယ်တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့အား မြောက် ဥက္ကလာ ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

“အစ်မရဲ့ဆွဲကြိုးလည်း ပျောက်သွားတယ်၊ သူတို့ဘက်က ၀ါးလုံးချွန်နဲ့ လှမ်းရိုက်တဲ့အချိန်မှာ ကာလိုက်တာ လက်မှာ လည်း ကွဲသွားတယ်၊ လက်စွပ်လည်း ပိန်သွားတယ်”ဟု တက်နေလင်း ပျိုးဥယျာဉ်မှ မတင်တင် လှက ပြောသည်။

မင်းဓမ္မပန်းဝင်းအား ပြောင်းရွှေ့ရန် လွန်ခဲ့သည့်တစ်လခွဲလောက်ခန့်ကပင် ထပ်မံပြောဆိုထားသော်လည်း ပန်းဝင်း အတွင်း ဆိုင်ရှင် ၄၀၀ ကျော်ခန့်က မပြောင်းရွေ့သေးသောကြောင့် လျှပ်စစ်မီးများ ၊ ရေများကို ဖြတ်တောက် ထားခဲ့ကြောင်း ပန်းဝင်း အတွင်း နေထိုင်သူများ ထံမှ သိရသည်။

“သူတို့ပြောင်းခိုင်းတဲ့နေရာနားက လျှပ်စစ်တာဝါတိုင်လည်းရှိတယ်။ မြေအောက်မှာ ဂတ်စ်ပိုက်လိုင်းတွေ လည်း ရှိ တယ်။ မြေနေရာကလည်း ဒီလောက် မကျယ်တော့ ဘယ်လိုစိုက်ပျိုးမလဲ။ သင့်တော်တဲ့နေရာ မျိုးကို ပဲ ပြောင်းပေးစေ ချင်တာပါ” ဟု ပန်းဆိုင်ရှင်များက ပြောသည်။

၂၀၀၀ ခုနှစ်ကတည်းကပင် ဌာနမှထိုနေရာအား ချထားပေးခဲ့ပြီး သစ်ပင်စိုက်ပျိုးသူများကို ပန်းပင်များ လာရောက် စိုက်ပျိုး လုပ်ကိုင်စေခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပန်းပွဲတော်များ ထိုနေရာ၌ ကျင်းပခဲ့ပြီး ရန် ကုန်မြို့ အတွက် လိုအပ်သည့် ပန်းပင်များကို ပန်းဝင်းမှ အဓိကရရှိနေခြင်းဖြစ်သည်။

“ဥပဒေမှာ လူတစ်ယောက်ဟာ သူ့ရဲ့ ခန္တာကိုယ်နဲ့ပစ္စည်းဥစ္စာကို အန္တရာယ်ပြုထိပါးလာပြီဆိုရင် သေသည် အထိ ခုခံကာကွယ် ပိုင်ခွင့်ရှိပါတယ်”ဟု ရှေ့နေများကွန်ရက်မှ ရှေ့နေဦးကြီးမြင့်ကပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။

http://myitmakhamediagroup.com/news/အထူးသတင်း/

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်