Saturday, August 03, 2013

လင်မယားချင်းစကားများရာက မယားကိုဓါးဖြင့်ခုတ်ပြီး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေ

Posted by drmyochit Saturday, August 03, 2013, under | No comments


နေပြည်တော်၊ သြဂုတ် ၃

၂-၈-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်နေ မောင်ယေ (၂၅)နှစ်နှင့် ဇနီးဖြစ်သူ မဌေးချေ(၂၂)နှစ်တို့ ၂ ဦး လင်မယားချင်းစကားများရာမှ မောင်ယေက ဓါးနှင့်ခုတ် သဖြင့် မဌေးချေတွင် ဦးခေါင်း၊ လည်ပင်းနှင့်ယာလက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိကာသေဆုံးခဲ့သည်။ ထို့နောက် မောင်ယေအားလိုက်လံရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း၊ ထုတ်တန်း၌ တီဗွီအန် တီနာ ကြိုးဖြင့်ကြိုး ဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသောကြောင့် မြေပုံနယ်မြေ ရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ နှင့် သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်