Saturday, August 03, 2013

မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ

Posted by drmyochit Saturday, August 03, 2013, under | 2 comments


မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ရဖို့အတွက် တရားမ၀င်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ မှတ်ပုံ တင် ရာမှာ ကြားခံပွဲစားတွေက အထောက်အထားအတုတွေနဲ့ လိမ်ညာမှုကြောင့် မြန်မာတွေ နစ်နာေ နပါတယ်။

မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ် သမားတွေ အတွက် အစိုးရကနေ 6P ခေါ် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို အရင်နှစ်တွေကနေ စတင် ဆောင် ရွက်နေ တာ ဖြစ်ပါတယ်။အဲဒီအစီအစဉ်မှာ မှတ်ပုံတင်တာ၊  တရားဝင်အဖြစ် လုပ်ဆောင်တာ၊ လွတ်ငြိမ်း ချမ်း သာခွင့် စီစဉ်တာ၊ စစ်ဆေးမှုများ ပြုလုပ်တာ၊ အရေးယူတာနဲ့ နယ်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။  အဲဒီအစီ အစဉ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးက လုပ်ဆောင်တာဖြစ်ပြီး တရားမ၀င် အလုပ် သမားတွေ မှတ်ပုံ တင်ဖို့ ဖြစ်ပါတယ်။

အဲဒီလို မှတ်ပုံတင်ရာမှာ အထောက်အထားအတွက် ကြားခံဆောင်ရွက်တဲ့ ပွဲစားတချို့က လိမ်ညာမှုတွေ၊ သတ်မှတ်ငွေ ထက် ပိုကောက်ခံတာတွေ ရှိခဲ့ပြီး မြန်မာအလုပ်သမားတွေ နစ်နာ နေကြပါတယ်။
မလေးရှား အလုပ် သမားသမဂ္ဂအဖွဲ့ချုပ်(အမ်တီယူစီ)က ရှေ့နေ ပီတာကန်ဒီးယား (Peter Kandiah) ကတော့ မြန်မာအလုပ်သမားတွေအတွက် ကြားခံဆောင်ရွက်ပေးတဲ့အဖွဲ့တွေ ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေ ဟာ အတုဖြစ်တယ်ဆိုတာကို သံသယရှိတဲ့အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်ထဲရေး ကို စစ်ဆေးရေးဖို့ ဩဂုတ် ၂ ရက်နေ့က ပေးပို့လိုက်တယ် လို့ ပြောပါတယ်။

ဒီစာရွက်စာတမ်းတွေကို ကိုင်ဆောင်နေတဲ့သူတွေ မကြာခဏ အဖမ်းခံရတဲ့အတွက် အခုလို သံသယရှိတာ ဖြစ်ပြီးတော့ မြန်မာသံရုံးအပါအ၀င် မလေးရှားရဲ၊ လူဝင်မှုကြီးကြပ်ရေး တွေက တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ အခုလို ပြောပါတယ်။“အလုပ်သမားတွေ အများကြီးကို ထိခိုက်ပါတယ်၊ သူတို့ပိုက်ဆံတွေ ကောက်တာက မမှားပါဘူး။ ဒါပေမယ့် ပိုက်ဆံကောက်ပြီးတော့ သူတို့ဆီမှာ ဘာကြောင့် အလုပ်လုပ်ခွင့် မရှိရတာလဲ၊ ဒါဟာ ကျနော်ရဲ့မေးခွန်းပါ၊ တကယ်အမှန်အကန်ဆိုရင်တော့ အလုပ်သမား တွေဆီမှာ အလုပ်လုပ်ခွင့်ပါမစ် ရှိရပါမယ်။ မြန်မာသံရုံးကလည်း ဒီကိစ္စကိုသိပါတယ်။ ဒါပေမယ့် မစစ်ဆေးပေးပါဘူး။ မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ရဲတွေလည်း သိပေမယ့် မစုံစမ်းပေးပါဘူး။”

မလေးရှားအခြေစိုက် မဟာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ တခြားအဖွဲ့တွေက ထုတ်ပေးခဲ့တဲ့ အထောက်အထားတွေကို စစ်ဆေးဖို့ ပြည်ထဲရေးကို ပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မပါာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ လုပ်ဆောင်ခဲ့တဲ့ ဦးကျော်သူရထွေးကတော့ မှတ်ပုံတင်ခဲ့တာ နှစ်ချီ ကြာမြင့်ခဲ့ပေမယ့် အလုပ်လုပ်ခွင့်ပါမစ် မပေးခဲ့သလို မလေးရှားရင်းဂစ် ၅၄၂၀ ကို ပေးသွင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ အခုနောက်အပတ်မှာ သံရုံးကိုသွားပြီး သွားမေးတယ်။  သူများနိုင်ငံမှာဆိုတော့ အားကိုးစရာ သံရုံးပဲ ရှိတယ်။ ကျနော်တို့ လက်ထဲမှာ လက်ရှိ စာအုပ်မရှိဘူး။ စာအုပ်မရှိတဲ့ အချိန်မှာ ကျနော်တို့ ရဲစခန်းမှာသွား တိုင်ဖို့ကလည်း တော်တော်များများ ကြောက်ကြတယ်။ စာအုပ်မရှိလို့ ဖမ်းသွားရင် ဘယ်လိုလုပ်မလဲ။  အကုန်လုံးက ရက်တွေ ကျော်နေတယ်။ သံရုံးသွားတိုင်တော့လည်း သံရုံးက ဘာမှ မလုပ်ပေးဘူး။ အထက်လူကြီးတွေ တာဝန်ယူပြီး ဖြေရှင်းပေးဖို့ သင့်တယ်။ အလိမ်ခံထားရတဲ့သူတွေက မနည်းဘူး။ ဒီစာအုပ်တွေ မရှိဘူးဆိုတော့ ကျနော်တို့ ဘယ်လိုဆက်လုပ်တော့မလဲ။ ရဲတွေ့ရင် အဖမ်းခံရတော့မှာ။”

မလေးရှားမှာ ဖွင့်လှစ်ထားတဲ့ မဟာနန်းလုပ်ငန်းစု ကုမ္ပဏီပိုင် စားသောက်ဆိုင်ဟာလည်း စစ်ဆေးရေးဝင်တာကို အကြောင်းပြပြီးတော့ ပိတ်ထားတာ လနဲ့ချီ ကြာသွားပြီလို့လည်း ဆိုပါတယ်။
မဟာနန်းလုပ်ငန်းစု ကုမ္ပဏီနဲ့ မြန်မာသံရုံးတို့အကြား ပူးပေါင်းလုပ်ဆောင်တာတွေ ရှိခဲ့တယ်ဆိုတဲ့သတင်း ဟာလည်း မလေးရှားရောက် မြန်မာအလုပ်သမားတွေအကြား ပျံနှံနေ ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မလေးရှား မဟာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် လေးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။

From:DVB

2 comments:

ဟုတ်ပါတယ် သူများနိုင်ငံဖြစ်တဲ့အတွက် သူတို့သတ်မှတ်တဲ့ စည်းကမ်း ဥပဒေသာ အားလုံးအတွက် အရေးကြီးပါတယ် ကျန်တဲ့လိုက်လျောညီထွေကိစ္စရပ်တွေဟာ အဖြည့်ခံများအတွက် အလိမ်အညာများသာဖြစ်ပါတယ် မဟာနန်းမှမဟုတ်ပါ ကျန်သည့်မည်သည့်လုပ်ငန်းစုမဆို သူ့သတ်မှတ်ချက်အတိုင်း အဆင့်ဆင့်သွားရမယ့်အချိန်ပေးနိုင်မှသာ ဘောင်ဝင်မှာဖြစ်ပါတယ် ထို့ကြောင့်ကွက်ကျော်လုပ်မည်ဆိုပါက မည်သူမျှအတိအကျမသိနိုင်သောကြောင့် ၈၅% အလိမ်ခံကြရမည်သာပင်။ ။ မသိနားမလည်၍သော်လည်းကောင်း၊ သွေးထိုးလှုံ့ဆော်မှု့ကြောင့်လည်းကောင်း စသဖြင့် ရမ်းယောင်ရေလိုက်မလွဲမိကြဖို့အရေးသာ မိမိတို့တာဝန်ပင်ဖြစ်ကြသည်။ {လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ}
မေတ္တာဖြင့်
မလေးရှားတွင် လက်ရှိလုပ်ကိုင်နေသူတစ်ဦး

ဟုတ်ပါတယ် သူများနိုင်ငံဖြစ်တဲ့အတွက် သူတို့သတ်မှတ်တဲ့ စည်းကမ်း ဥပဒေသာ အားလုံးအတွက် အရေးကြီးပါတယ် ကျန်တဲ့လိုက်လျောညီထွေကိစ္စရပ်တွေဟာ အဖြည့်ခံများအတွက် အလိမ်အညာများသာဖြစ်ပါတယ် မဟာနန်းမှမဟုတ်ပါ ကျန်သည့်မည်သည့်လုပ်ငန်းစုမဆို သူ့သတ်မှတ်ချက်အတိုင်း အဆင့်ဆင့်သွားရမယ့်အချိန်ပေးနိုင်မှသာ ဘောင်ဝင်မှာဖြစ်ပါတယ် ထို့ကြောင့်ကွက်ကျော်လုပ်မည်ဆိုပါက မည်သူမျှအတိအကျမသိနိုင်သောကြောင့် ၈၅% အလိမ်ခံကြရမည်သာပင်။ ။ မသိနားမလည်၍သော်လည်းကောင်း၊ သွေးထိုးလှုံ့ဆော်မှု့ကြောင့်လည်းကောင်း စသဖြင့် ရမ်းယောင်ရေလိုက်မလွဲမိကြဖို့အရေးသာ မိမိတို့တာဝန်ပင်ဖြစ်ကြသည်။ {လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ}
မေတ္တာဖြင့်
မလေးရှားတွင် လက်ရှိလုပ်ကိုင်နေသူတစ်ဦး

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်