ရန်ကုန်- စာသင်ခန်းအတွင်းရှိ သောက်ရေအိုးမှ ရေကိုသောက်ပြီး ကျောင်းသားငါးဦး အစာ အဆိပ် သင့်မှုဖြစ် ခဲ့၍ မြို့နယ်ကျန်းမာရေးဌာန၊ ပညာရေးဌာနတို့နှင့် ပူးပေါင်းကာ စစ်ဆေးနေကြောင်း အင်ပင်မြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
ဟင်္သာတခရိုင် အင်ပင်မြို့ နယ် တောင်ပတ်လည်ရွာ မူလတန်းကျောင်းတွင် ဇူလိုင် ၂၄ ရက် က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ နံနက် ၇ နာရီခန့်က ကျောင်းဝင်းအတွင်း ပိုးသတ်ဆေးနံ့ရရှိနေသောကြောင့် စစ်ဆေး ရာ သူငယ်တန်းအခန်း သောက်ရေအိုးထဲမှ ပိုးသတ်ဆေးပြားတစ်ပြားတွေ့ခဲ့ရပြီး ကျောင်းအုပ် ဆရာမကြီး သုံးသော ရေနွေးဓာတ်ဘူးအတွင်းမှ ရေများမှာလည်း ပိုးသတ်ဆေးနံ့များ ထွက်နေခဲ့ကြောင်း ကျောင်းသား မိ ဘတစ်ဦးက ပြောသည်။
“ကျောင်းကို အစောကြီးရောက်တဲ့ ကလေးငါးယောက်ကတော့ ရေသောက်မိပြီး ဗိုက်အောင့်တာတွေ၊ အန်တာတွေဖြစ်ခဲ့လို့ ဆေးခန်းပြခဲ့ရတယ်။ အဖြစ်မှန်ပေါ်အောင် ရဲစခန်းကို အကြောင်းကြား ထားပါတယ်” ဟု ဆိုသည်။
မြို့နယ်မှ ဆရာဝန်တစ်ဦး၏ စစ်ဆေးချက်အရ သောက်ရေအိုးထဲမှရသော ဆေးပြားမှာ ပိုးသတ်ဆေးပြား မဟုတ်ဘဲ ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးပြားဖြစ်နိုင်ကြောင်း သုံးသပ်ထားပြီး အဖြစ် မှန်ပေါ်ပေါက်အောင် ဆက်လက်စုံစမ်းမည်ဖြစ်ကြောင်း အင်ပင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ကျောင်းအုပ်ကြီး၊ ကျောင်းသားမိဘနဲ့၊ ကျောင်းစောင့်တွေကြားမှာ လူမှုရေးပြဿနာအချို့ ရှိနေတယ်လို့ သိရပါ တယ်။ ဖြစ်စဉ်ကို သေချာစုံစမ်းသွားမှာပါ” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆယ်ရက်ခန့်ကြာသည်အထိ အကြောင်းရင်းမှန်ကို မသိ ရသေးကြောင်း မိဘများအနေဖြင့် ကလေးများအား ကျောင်းသို့စေလွှတ်ရန် စိုးရိမ်မကင်းဖြစ်နေရကြောင်း ကျောင်းကော် မတီဝင် တစ်ဦးက ပြောသည်။
7Day News Journal
Saturday, August 03, 2013
ကျောင်းသားငါးဦး စာသင်ခန်းရှိ သောက်ရေအိုးမှ ရေသောက်ပြီး အဆိပ်သင့်မှု စစ်ဆေးနေ
Posted by drmyochit
Saturday, August 03, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment