အောက်တိုဘာ ၂၃။
လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ၏လူများလည်းဖြစ် အကြမ်းဖက်သမားများဟုလည်း ယူဆရသူ ၁၀ဦးခန့်ကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ အရှေ့ပိုင်းတွင် အောက်တိုဘာ ၂၁ရက်ညက ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေး တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက တရားဝင် ပြောကြားခဲ့သည်။
အဖမ်းခံသူများအနက် ချက်ဒ်နိုင်ငံသား သုံးဦးပါဝင်ပြီး လွန်ခဲ့သော လများက ဖြစ်ပွားခဲ့သော လုပ်ကြံမှုများနှင့် ပတ်သတ်ခဲ့ကြောင်း ၀န်ခံထားသည်။ လုပ်ကြံမှုများမှာ စစ်တပ်အရာရှိများ၊ နိုင်ငံခြားသားများနှင့် လှုပ်ရှားတက်ကြွသူများကို ပစ်မှတ်ထားခဲ့ပြီး သားကောင်များ၏ ကားများတွင် ဖောက်ခွဲရေး ပစ္စည်းများ ထည့်ခြင်း၊ ကားဗုံးထောင်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း အစစ်ဆေးခံခဲ့သည်။
အဖမ်းခံရသူများသည် ယင်းလုပ်ကြံမှုများကို အကြမ်းဖက်အဖွဲ့ငယ် တစ်ဖွဲ့အဖြစ် စုစည်းကာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
ဘန်ဂါဇီမြို့သည် လစ်ဗျားနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ဂဒါဖီအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်မွေးဖွားရာ အရပ် ဖြစ်သည်။ လွန်ခဲ့သော လများကမူ ယခင်ကာလများထက် အကြမ်းဖက်မှုများ ပိုမို မြင့်တက် လာခဲ့သည်။ အထူးသဖြင့် ၂၀၁၂ခုနှစ် အောက်တာဘာလ အတွင်းက အမေရိကန် သံအမတ်နှင့် အခြားသုံးဦး သေဆုံးစေခဲ့သော တိုက်ခိုက်မှု နောက်ပိုင်းတွင် လုပ်ကြံတိုက်ခိုက်မှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့သော မြို့ဖြစ်သည်။
Ref; Xinhua
From: The Myanma Age
Time in Rangoon


0 comments:
Post a Comment