Wednesday, October 23, 2013

နေရာအချို့တွင် GSM/WCDMA ဖုန်းများ လိုင်းပြတ်တောက်မှု ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်

Posted by drmyochit Wednesday, October 23, 2013, under | No comments



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့ မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက် ရှိသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အ ရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်း ကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ် တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါ ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်