Saturday, October 19, 2013

ဘတ်ဂျက်ငွေပြဿနာအတွက် သဘောတူညီမှုရရှီခဲ့ပြီဖြစ်သည့် အမေရိကန် အစိုးရ

Posted by drmyochit Saturday, October 19, 2013, under | No comments


အမေရိကန်နိုင်ငံရဲ့ ဘတ်ဂျက်ငွေပြဿနာအတွက် ဒီမိုကရက်ပါတီနဲ့ ရီပါ့ဘလစ်ပါတီတို့ မဲခွဲရာမှာ ဒီမိုကရက်ပါတီက(၈၁)မဲ၊ (၁၈)မဲနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး
ရှုပ်ထွေးမှုတွေ လက်စသတ်ခဲ့ပြီ ဖြစ်ပါတယ်။ ဘတ်ဂျက်ငွေဥပဒေအတည်မပြုနိုင်ပါက အမေရိကန်နိုင်ငံဟာ စီးပွားပျက်ကိန်းအထိ ကြုံရနိုင်တာကြောင့် နောက်ဆုံးသဘောတူညီမှုတွေပြုလုပ်ပြီး ဥပဒေပြုရေးဆွဲ ခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဘတ်ဂျက်ဥပဒေမှာ လွှတ်တော်(၂)ရပ်က ပါတီ(၂)ခုစလုံးမှ စေ့စပ်ညှိနှိုင်းသူတွေပါဝင်တဲ့ ဘတ်ဂျက်ကော်မတီဟာ နောက်ထပ်ရေရှည်အသုံးစရိတ်နဲ့ အခွန် အစီအစဉ်ကို ဒီဇင်ဘာလ(၁၃)ရက်မတိုင်မီ သဘောတူညီမှုရအောင် ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။

အဆိုပါဥပဒေမူကြမ်းကို သမ်္မတအိုဘားမားက လက်မှတ်ထိုးသဘောတူညီခဲ့ပြီဖြစ် တာကြောင့် အိုဘားမားအစိုးရဟာလည်း နောက်နှစ်ဇန်န၀ါရီလအထိ အသုံးစရိတ်ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတအိုဘားမားအခုပြဿနာကို ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့တဲ့ ဒီမိုကရက် တစ်ခေါင်းဆောင်တွေနဲ့ ရီပါဘာလစ်ကန်ခေါင်းဆောင်တွေကို ချီးကျူး ခဲ့ပါတယ်။

အခုအချိန်မှာ ဘတ်ဂျက်ပြဿနာပြေလည်သွားပြီဖြစ်တာကြောင့် ပိတ်ဆိုင်းထားရတဲ့ အစိုးရရုံးများ ပြန်လည်ဖွင့် လှစ်နေပြီဖြစ်ပြီး နားရက်ပေးထားတဲ့အလုပ်သမားများဟာလည်း အလုပ်အကိုင်ပြန် လည်ရရှိသွား ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။

From: MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်