Saturday, October 19, 2013

လက်ပံတောင်းမှာ ၀မ်ပေါင်ကုမ္ပဏီခြံစည်းရိုးတွေကို ရွာသားတွေ ၀င်ရောက်ဖျက်ဆီး

Posted by drmyochit Saturday, October 19, 2013, under | No comments


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း အာဏာပိုင်တွေက ခြံစည်းရိုးတွေ ဆက်ကာနေ တာကြောင့် ဒေသ ခံတွေ က အဲဒီခြံစည်းရိုးတွေကို မနေ့က ညနေပိုင်းမှာ ၀င်ရောက်ဖျက်စီးခဲ့ကြတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေကိုအကာအကွယ်ယူပြီး ဒေသခံတွေ တားနေတဲ့ကြား က ဘူတိုဇာတွေနဲ့ ယာခင်းတွေကိုဖျက်ပြီး စီမံကိန်းနယ်မြေကို ခြံစည်းရိုးကာနေတာ ဖြစ်ပါ တယ်။

ခြံစည်းရိုးဟာ ဆည်တဲနဲ့ ဇီးတောရွာများအနီးကို ဖြတ်ပြီးကာတာကြောင့် မြေယာလျော်ကြေး မယူတဲ့ဒေသ ခံတွေ က တားဆီးတာဖြစ်ပါတယ်။

မနေ့ကညနေပိုင်း ၆နာရီလောက်မှာ ဒေသခံတွေဟာ ဆန္ဒပြတာဆီးနေရာက စိတ်မထိန်းနိုင်ဖြစ်ပြီး ခြံစည်းရိုးတွေ ကို ၀င်ဖျက်တယ်လို့ သိရပါတယ်။ ဒေသခံတွေနဲ့လိုက်ပါသွားတဲ့ အရှင်စန္ဒာသိရိက အခုလိုမိန့် ပါတယ်။

ရွာသူရွာသား အင်အား ၃၀၀ ခန့်ရှိပြီး ရဲအင်အား ၅၀၀ခန့်ရှိတယ်လို့ဆိုပါတယ်။ ရွာသူရွာသား တွေဖျက် ပစ်တဲ့ ခြံစည်းရိုးတွေ ကို ချက်ခြင်းပြန်ပြင်လိုက်တယ်လို့သိရပါတယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ကတည်း ကစပြီး ဇီးတောရွာအနီး လိပ်ခွံတောင်ခြေ နဲ့ မြေနီတောင်ခြေမှာ ခြံစည်းရိုးတွေ ဆက်ကာနေတယ်လို့ သိရပါ တယ်။

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးမယူတဲ့မြေတွေပေါ်မှာ ခြံစည်းရိုးကာတာနဲ့ပတ်သက်ပြီး ဒေသခံတွေ က အောက်တိုဘာ လ ၁၅ရက်နေ့က ပြည်ထောင်စုဝန်ကြီးများနဲ့ ဒေသခံများတွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမဲ့ ၀န်ကြီးများ က အထက်ကိုဆက်လက် တင်ပြပေးမယ်လို့သာ ပြောဆိုသွားကြောင်း ဒေသခံတွေက ပြောပါ တယ်။ မနေ့က ညနေပိုင်းမှာ ၀င်ရောက်ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်