Saturday, October 19, 2013

ယခုအောက်တိုဘာလတွင် ငွေကျပ်(၁၅၀၀)တန် တန်ဖိုးနည်း မိုဘိုင်းဖုန်း Simcard (၃၆၀၀၀၀) ချထားပေးသွားရန်ရှိခြင်း

Posted by drmyochit Saturday, October 19, 2013, under | No comments


ယခုအောက်တိုဘာလ(၂၃)ရက်နေ့မှာ ငွေကျပ် (၁၅၀၀)တန် မိုဘိုင်းဖုန်း Simcard  (၃၆,၀၀၀၀)ကို ဆက်လက်ချ ထားမှာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက် များ အရ သိရပါတယ်။ အခုလို ချထားပေးရာမှာတော့ ယခုလတွင် ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့များရဲ့ အစီအစဉ်နဲ့ GSM/ WCDMA မိုင်ဘိုင်းဖုန်း Sim Card  (၃၆၀၀၀၀)ကို (၁၅၀၀)ကျပ်နှုန်းနဲ့ ထပ်မံရောင်းချသွားမှာ ဖြစ်ပါတယ်။

အခုလိုရောင်းချရာမှာ GSM Sim Card (၂၅၈,၀၀၀)ကဒ် နဲ့ WCDMA Sim Card ၁၀၂,၀၀၀)ကဒ်တို့ကို ခွဲဝေဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ချထားရာမှာတော့ ရန်ကုန်တိုင်းဒေသကြီးတွင်းမှာ GSM Sim Card  (၃၁,၅၀၀)နဲ့ WCDMA Sim Card  (၃၉၅၀၀)စုစုပေါင်း (၇၁,၀၀၀)ကဒ်ရရှိမှာဖြစ်သလို ကျန်တိုင်းဒေသ အသီးသီးမှာလည်း အခုလို ခွဲတမ်းအလိုက်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  ပြည်တွင်းရှိ အိမ်ထောင်စုတိုင်း ဖုန်းသုံးစွဲ နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အခုလို တန်ဖိုးနည်း တန်ဖိုးနည်းမိုင်ဘိုင်းဖုန်းများကို (၂၀၁၃)ခုနှစ် ဧပြီလမှစတင် ပြီး လစဉ်ဖုန်း Sim Card    (သုံးသိန်းငါးသောင်းစီ)ကို ပြည်နယ်နဲ့တိုင်းအလိုက် ခွဲဝေဖြန့်ဖြူးရောင်းချခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်