Tuesday, October 29, 2013

ပြိုင်ကားတစ်စင်းကဲ့သို့ မြန်နှုန်းမြင့်မားသည့် လေးဘီးတပ် ဆိုင်ကယ်

Posted by drmyochit Tuesday, October 29, 2013, under | No comments

Wazuma V8Fသည် ကစားစရာ မဟုတ်သလို စိတ်ကူးယဉ် ယန္တရား တစ်ခုလည်း မဟုတ်ဘဲ တစ်နာရီ မိုင်(၁၅၀)နှုန်းထိ မောင်းနှင်နိုင်သည့် လေးဘီးတပ် ဆိုင်ကယ်လေး ဖြစ်သည်။

ရုတ်တရက် ကြည့်လိုက်ပါက ကလေးငယ်များ စီးနင်းနိုင်သည့် ကစားစရာ အရုပ် ဆိုင်ကယ်လေးနှင့် တူသည်။ Batman ရုပ်ရှင် ဇာတ်ကားများထဲမှ စိတ်ကူးယဉ် မော်တော်ကား Batmobileနှင့်လည်း ခပ်ဆင်ဆင် တူသည်။ သို့သော်လည်း Wazuma V8Fသည် ကစားစရာ မဟုတ်သလို စိတ်ကူးယဉ် ယန္တရား တစ်ခုလည်း မဟုတ်ဘဲ တစ်နာရီ မိုင်(၁၅၀)နှုန်းထိ မောင်းနှင်နိုင်သည့် လေးဘီးတပ် ဆိုင်ကယ်လေး ဖြစ်သည်။

ပေါင်စတာလင် (၁၆၀၀၀၀)မျှ တန်ဖိုးရှိသည့် ယင်းဆိုင်ကယ်လေးကို ပြင်သစ်နိုင်ငံမှ အင်ဂျင်နီယာများက ဆက်လက် မွမ်းမံ အဆင့်မြှင့်တင်နေဆဲဟု သိရသည်။ လေးဘီးတပ် မော်တော်ကားလေး၏ အင်ဂျင်ကို နာမည်ကျော် မော်တော်ကား ကုမ္ပဏီ Ferrariက ထောက်ပံ့ပေးထားသည်။ ထိုဆိုင်ကယ်လေးတွင် 3-litre V8 အမျိုးအစား အင်ဂျင်ကို တပ်ဆင်ထားပြီး (၁၉၇၀)ပြည့်လွန်နှစ်များက လူကြိုက်များခဲ့သည့် Ferrari 308 ပြိုင်ကားမှ အင်ဂျင်ဒီဇိုင်းကို အခြေခံ ဖန်တီးထားခြင်း ဖြစ်သည်။ Wazuma V8Fကို တာဝန်ယူ ထုတ်လုပ်သည့် ကုမ္ပဏီမှ Lazarethဖြစ်သည်။

Lazarethမှ တာဝန်ရှိသူများက မိမိတို့သည် ယင်းအပေါ့စား ယာဉ်ငယ်လေးကို တစ်နာရီ (၂၅၀)မိုင်နှုန်းထိ မြန်နှုန်းမြှင့်တင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ယင်းဆိုင်ကယ်လေးသည် ကီလိုမီတာ (၆၅၀)မျှသာ အလေးချိန်ရှိသည်။ ပြင်သစ် သုတေသီများသည် မြန်နှုန်းနှင့် အလေးချိန် အချိုးအစားကို တစ်တန်လျှင် (၃၈၄)bhp ယူနစ်ဖြင့် တွက်ချက် ဖန်တီးထားသည်။ ထို့ကြောင့်လည်း Ferrari၏ 458 Spider ပြိုင်ကား တစ်စင်း၏ စွမ်းဆောင်ရည်အတိုင်း တစ်နာရီလျှင် (၁၅၀)မိုင်နှုန်းထိ မောင်းနှင်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ပြဿနာ တစ်ရပ်မှ ဈေးနှုန်းအားဖြင့် အလွန်မြင့်မားနေခြင်း ဖြစ်သည်။ Hondaက ဖန်တီးထုတ်လုပ်သည့် လေးဘီးတပ် ဆိုင်ကယ် တစ်စင်း၏ တန်ဖိုးသည် ပေါင်စတာလင် (၈၀၀၀)မျှသာရှိရာ Wazuma V8Fက အဆ(၂၀)မျှ ဈေးများနေသည့် သဘောဖြစ်သည်။ Wazuma V8F၏ ဈေးမျိုးဖြင့် အဆင့်မြင့် ပြိုင်ကား တစ်စင်းမျှကို ကောင်းစွာ ရွေးချယ် ဝယ်ယူနိုင်မည့် အခြေအနေ ရှိနေသည်။ Lazarethမှ တာဝန်ရှိသူများကမူ Wazuma V8Fသည် ဒီဇိုင်းပိုင်း ထူးခြားပြောင်မြောက်လှသည့် Masterpiece လက်ရာတစ်ခု ဖြစ်ခြင်းကြောင့် တန်ဖိုးကြီးကြီး သတ်မှတ်ရန် ထိုက်တန်ကြောင်း ကာကွယ် ပြောဆိုထားသည်။


From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်