၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် ဓာတ်အားထုတ် လုပ်မှုကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှုကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်၍ အောက်ပါ တစ်ယူနစ်နှုန်းထားများအတိုင်း ဓာတ်အား ခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပါသည်-
(က) အများပြည်သူ (အိမ်သုံး)
(၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
(၂) ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်
(ခ) အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ယာယီ)
(၁) ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
(၂) ၅၀၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်
(ဂ) အစိုးရဌာန
(၁) ရုံးသုံး ၅၀ ကျပ်
(၂) စက်မှုသုံး ၁၀၀ ကျပ်
၂။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် အပိုဒ် (၁)တွင် ဖော်ပြပါနှုန်း ထားသစ်များနှင့်တွက်ချက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ငွေတောင်း ခံလွှာများ ပြုစုတောင်းခံ သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Time in Rangoon


0 comments:
Post a Comment