Tuesday, October 29, 2013

ဥရောပမြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံး

Posted by drmyochit Tuesday, October 29, 2013, under | No comments

ဗြိတိန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မိုးရေချိန်မှာ ၅၀ မီလီမီတာအထိရှိခဲ့ပြီး နေရာပေါင်း ၁၃၀ တွင် ရေကြီးနိုင်ကြောင်း သတိပေးထား


ဥရောပမြောက်ပိုင်းတွင် တနင်္လာနေ့က အားကောင်းသော မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်း ဆုံး လူ ၁၁ ဦးသေဆုံးပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေားကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ သည်။ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းများတိုက်ခတ်မှုအတွင်း ဗြိတိန်တွင် လူ ၄ ဦးနှင့် ဂျာမနီတွင် လူ ၃ ဦးသေဆုံးကြောင်း AFP သတင်းက ပြောကြားသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒိန်းမတ်နှင့် နယ်သာလန် တို့တွင်လည်း လူအသေအပျောက် ရှိခဲ့ကြောင်း သိရသည်။ ဥရောပမြောက်ပိုင်း ကမ်းရိုးတန်းဒေ သတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၈ မိုင်ကျော်အထိ ပြင်းထန်ခဲ့ကြောင်း ဗြိတိန်မိုးလေဝသဌာနက ဆိုသည်။


မုန်တိုင်းတိုက်ခတ်မှုကြောင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် နေအိမ် ၅၀၀,၀၀၀ ကျော်မှာ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည်။ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နေမှုကြောင့် ကိုပင်ဟေ ဂင် လေဆိပ်၌ ခရီးသည် ၅၀၀ ခန့်မှာ လေဆိပ်အတွင်းသို့ သွားရောက်နိုင်ခြင်းမရှိဘဲ လေယာဉ် များပေါ်တွင် သောင်တင်နေခဲ့သည်။ မုန်တိုင်းကြောင့် အင်္ဂလန်တောင်ပိုင်း၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂျာမနီ တွင် ရထားခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။ လန်ဒန်ရှိ ဟီးသရိုးလေဆိပ်တွင်လည်း ခရီးစဉ် ၁၃၀ ကို ဖျက်သိမ်း ခဲ့ရပြီး အခြား လေယာဉ်ခရီးစဉ်များမှာလည်း နှောင့်နှောင်းမှု ဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မိုးရေချိန်မှာ ၅၀ မီလီမီတာအထိရှိခဲ့ပြီး နေရာပေါင်း ၁၃၀ တွင် ရေကြီးနိုင်ကြောင်း သတိပေးထားသည်။ ယခု တိုက်ခတ်သည့် မုန်တိုင်း၏ အမည်ကို ပြင်သစ်တွင် Christian ဟု အမည်ပေးထားပြီး ဗြိတိန်မီဒီယာများကမူ St Jude ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ဥရောပမြောက် ပိုင်းတွင် တနင်္လာနေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းမှာ ဆယ်စုနှစ်အတွင်း အဆိုးရွား ဆုံးဖြစ်သော် လည်း ထိခိုက်ပျက်စီးမှုမှာမူ ၁၉၈၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် မုန်တိုင်း တိုက်ခတ်ခဲ့ စဉ်က ထက် နည်းပါးကြောင်း သိရသည်။ ၁၉၈၇ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဗြိတိန်နှင့် ပြင်သစ် တွင် လူ ၂၂ ဦးသေဆုံးကာ ပျက်စီးဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံရှိကြောင်း သိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်