Tuesday, October 29, 2013

ရည်းစားနှင့် ချိန်းတွေ့ပြီး ယောက်ျားလေးကို ရွှေလက်ကောက် ခိုးယူဟု စွပ်စွဲ

Posted by drmyochit Tuesday, October 29, 2013, under | No comments


မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၀င်းယူနတီဟိုတယ်တွင် တည်းခိုခဲ့ပြီးနောက် စုံတွဲတစ်တွဲမှ မိန်းကလေးဖြစ်သူက ရွှေလက်ကောက် ပျောက်ဆုံးသွား သည့်အတွက် သူမနှင့်အတူ တည်းခိုခဲ့သူ ယောက်ျားလေးကို ခိုးယူ ပေါင်နှံသူအဖြစ် စွပ်စွဲတိုင်တန်းလိုက်သည့်အတွက် ရဲစခန်းက အမှုဖွင့်လိုက်သည်။

အဆိုပါ မိန်းကလေးမှာ မုံရွာမြို့တွင် အိမ်ငှားနေထိုင်ကာ စာရင်းအင်း ပညာရပ်သင်တန်းများ တက်ရောက် နေသူဖြစ်ပြီး ရည်းစားဖြစ်သူ၏ ချိန်းဆိုချက်အရ အောက်တိုဘာ ၅ ရက်က ၀င်းယူနတီဟိုတယ်တွင် တည်းခိုရန် သွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ခိုးယူခံရသည်ဟု စွပ်စွဲထားသည်မှာ ပလက်တီနမ်မှုတ်ထားသည့် တစ်ကျပ်သားခန့်ရှိသည့် ရွှေထည် လက်ကောက်နှစ်ကွင်းဖြစ်ပြီး ဟိုတယ်တွင် တည်းခိုနေစဉ်အတွင်း မိန်းကလေး၏ လက်ကိုင်ပိုက်ဆံ အိတ် အတွင်း ထည့်ထားခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ပျောက်ဆုံးသည့်နေ့က ညစာစားရန်အတွက် လက်ကိုင်အိတ်ကို ဟိုတယ်တွင်ထားရှိကာ အပြင်သို့ထွက် သွားခဲ့ပြီးနောက် ညနေ ၆ နာရီခန့်တွင် ဟိုတယ်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အခါ ရွှေလက် ကောက်များ မပါတော့သည့်အတွက် ရည်းစားဖြစ်သူထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သေးကြောင်း မိန်း ကလေးက ဆိုထားသည်။

သို့သော် သူမ၏ ရည်းစားဖြစ်သူက ရွှေလက်ကောက်များ ရယူထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး အောက် တိုဘာ ၂၆ ရက်တွင် မုံရွာရဲစခန်းတွင် ရည်းစားဖြစ်သူကို အရေးယူပေးပါရန် တိုင်းတန်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရဲစခန်းက အမှုဖွင့်ခဲ့ပြီး စစ်ဆေးချက်များအရ ရွှေလက်ကောက်နှစ်ကွင်းကို နန်ချွန်အပေါ်ဆိုင် တွင် ပေါင်နှံထားကြောင်း သိရှိခဲ့ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်