Friday, October 04, 2013

KTV ဆိုင်တွင် လူသတ်မှုဖြစ်ပွား

Posted by drmyochit Friday, October 04, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၎

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအမှတ် V-2 ၌ သားဖြစ်သူ မောင်ဇော်မှာ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို လည်းကောင်း၊ အခန်းအမှတ် V-9 တွင် တစ်ရပ်ကွက်တည်းနေ ကိုသူ ၊ (ဘ)ဦးညွန့်ဝင်းမှာ ဓါးဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၂၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်း/ခရိုင်မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  - ရဲဇာနည် ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်