Friday, October 04, 2013

အင်းစိန်လမ်းမဘေးက “Relax” အနှိပ်ခန်း ရဲဝင်ဖမ်း

Posted by drmyochit Friday, October 04, 2013, under | No comments

ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းမဘေးမှ အမှတ် ၁၄၄ မြေညီထပ်တွင်ရှိသည့် “Relax” အမည်ရှိ အနှိပ်ခန်းကို အောက်တိုဘာ ၂ရက်ညတွင် ရဲကအသွင်ယူသက်သေများ ကြိုတင် စေလွှတ်ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။
အဆိုပါ အနှိပ်ခန်းကို တရားမ၀င်လုပ်ဆောင်နေကြောင်း ကြိုတင်သတင်းရရှိထားချက်အရ တိုင်းအဆင့်ရှိ ရဲတပ်ဖွဲ့ များက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အနှိပ်ခန်းကို ၀င်မဖမ်းခင်တွင် ဦးရဲမြင့် စိုး(၂၆)နှစ် လှိုင်မြို့နယ်နေသူနှင့် ဦးအောင်နိုင်(၄၂)နှစ်၊ ကြည်မြင့်တိုင်မြို့နယ်နေသူတို့ နှစ်ဦးကိုကြိုတင် စေလွှတ်ခဲ့သည်။

ထို့နောက် ည ၁၀ နာရီ ၂၀မိနစ်တွင် တိုင်းရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အဆိုပါ အနှိပ်ခန်း အတွင်းသို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြသည်။ ထို့ကြောင့် အနှိပ်ခန်းဆိုင်တာဝန်ခံ မန်နေဂျာဖြစ်သူ အောင်အောင် (၂၆) နှစ်ကို ကောင်တာတွင် ထိုင်လျက်ပင်တွေ့ရှိ ဖမ်းဆီးခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် ဆိုင်အပေါ်ထပ်အနှိပ်ခန်းတွင် အသွင်ယူသက်သေ ဦးအောင်နိုင်အား အနှိပ်သမ စနိုး(ခ) တင်ဇာဝင်း (၁၈) ဖြင့် လည်းကောင်း၊ ဦးရဲမြင့်စိုးကို အနှိပ်သမ ရတီ(ခ)ကြည်ကြည်မြင့်(၃၇) နှစ်ဖြင့် လည်းကောင်း နှိပ်ပေးနေစဉ် အတွင်း ဖမ်းဆီးရမိခဲ့သည်။

အနှိပ်ခန်းအတွင်းမှလည်း သက်သေခံ စာရွက်စာတမ်းများ၊ မွေ့ယာများနှင့်အတူ အနှိပ်ခန်းလုပ်ငန်းမှ ရရှိငွေ (၃၅၀၀၀) ကျပ် တို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင်ဆိုင်တာဝန်ခံ အပါအ၀င်အနှိပ်သမပေါင်း (၁၇) ဦး ကိုပါ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုထားသည်။

၎င်းတို့အား တရားမ၀င်အနှိပ်ခန်း ဖွင့်လှစ်ဆောင်ရွက်နေမှုကြောင့် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြစ်မှုပုဒ်မ ၁၈၈ အရတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် စီစဉ်နေသည်ဟုလည်း သိရသည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်