Monday, November 04, 2013

ဂျိုကိုဗစ်နှင့် တင်းနစ်ကစားခဲ့သည့် PSG တိုက်စစ်မှူး အီဘရာဟီမိုဗစ်

Posted by drmyochit Monday, November 04, 2013, under | No comments

PSGအသင်း တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်သည် နာမည်ကျော် တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကာ တင်းနစ် ကစားပြခဲ့ကြောင်း သိရှိရသည်။ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် ဧရာမ တင်းနစ်ကြယ်ပွင့် နှစ်ဦးအဖြစ် ဂျိုကိုဗစ်နှင့် ဆွစ်ဇာလန်သား ရော်ဂျာ ဖက်ဒါရာတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ အကြိုဗိုလ်လုပွဲတွင် ဆာဘီးယား နာမည်ကျော် တင်းနစ်စတား ဂျိုကိုဗစ်က ဖက်ဒါရာကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ပွဲအပြီးတွင် ဖက်ဒါရာက ပရိသတ်များကြား ရှိနေသည့် ဆွီဒင်လက်ရွေးစင် ဘောလုံးသမားကို တင်းနစ်အတူကစားရန် ဖိတ်ခေါ်ခဲ့သည်။ အီဘရာဟီမိုဗစ်သည် ကွင်းထဲသို့ ဆင်းလာပြီး ဂျိုကိုဗစ်နှင့် အပြန်အလှန် ခေတ္တမျှ တင်းနစ်ရိုက်ခဲ့ကြသည်။


"ကျွန်တော် တင်းနစ် အားကစားပွဲတွေကို ကြည့်ရတာ သဘောကျပါတယ်။ တကယ့်လက်တွေ့တော့ မကစားတတ်ဘူး။ ခုတော့ ကျွန်တော် သင်ယူနိုင်ပြီလေ"ဟု အသက်(၃၁)နှစ်ရှိ အီဘရာဟီမိုဗစ်က ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ အီဘရာဟီမိုဗစ်သည် ဂျိုကိုဗစ်နှင့် တင်းနစ်ကစားပြီးနောက် တင်းနစ်ဘောလုံးကို ပရိသတ်များထံသို့ ခြေထောက်ဖြင့် လှမ်းကန်ပေးလိုက်ရာ ပရိသတ်များက သဘောတကျ ရှိခဲ့ကြသည်။ ဂျိုကိုဗစ်သည် ဖက်ဒါရာကို (၄-၆)၊ (၆-၃)၊ (၆-၂)ဖြင့် အနိုင်ကစားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ ဂျိုကိုဗစ်သည် နိုင်ခြေအဆင့်(၁) ရာဖေးလ်နာဒယ်လ်ကို အနိုင်ယူလာသည့် လက်ရှိချန်ပီယံ ဒေးဗစ်ဖာရာနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
credit>>popular

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်