Monday, November 04, 2013

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

Posted by drmyochit Monday, November 04, 2013, under | No comments

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်မြို့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုး အဆောက်အဦးဖြင့် ရွှေဘောလုံးလောင်းကစားဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦးတို့အား ရွှေဘောလုံးလောင်းကစား ဆက်စပ်ပစ္စည်း(၂၃)မျိုးနှင့် လောင်းကြေးငွေစုစုပေါင်း (၂၂၁၉၀၀ိ/)ကျပ် ဖမ်းဆီးရမိခဲ့သဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှအိုင်းရှင်ပါ(၁၆)ဦးတို့အား (ပ)၅၆၁/၂၀၁၃ လောင်းကစားဥပဒေပုဒ်မ၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
by Myanmar News Now

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်