Monday, November 04, 2013

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ

Posted by drmyochit Monday, November 04, 2013, under | No comments

iPhone 6 ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာသည်။   iPhone 5S အသစ်ထွက်ပေါ်လာသည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။



Appleသည် Retina Display နည်းပညာဖြင့် အောင်မြင်မှုများစွာ ရရှိနေသည့်နောက် iPhone 6တွင်လည်း ယင်းအခြေအနေကို ဆက်လက် ခိုင်မာစေဖွယ် ရှိနေသည်။ Mac Fanက Googleထုတ် Android OS ဖုန်းများ၏ Screen အရွယ်အစား ကြီးမားလာမှုကို ယှဉ်ပြိုင်ရန်အတွက် Appleသည် (၅)လက်မအရွယ် Displayမျိုးကို စတင် အသုံးပြုလာမည်ဟု ဆိုသည်။ အကယ်၍ ယင်းသတင်း အမှန်ဖြစ်လာပါက လက်ရှိ iPhone 5Sထက် (၁)လက်မ ပိုကြီးသွားပြီး Googleထုတ် Nexus 5နှင့် Screen အရွယ်အစား တိုက်ရိုက် အားပြိုင်သွားမည့်သဘော ဖြစ်လာသည်။

Mac Fanက iPhone 6သည် Apple၏ မူပိုင်ခွင့်ရ နည်းပညာဖြစ်သော လက်ဗွေ Scanဖတ် လုံခြုံရေးစနစ်ကိုလည်း ဆက်လက် အသုံးပြုကာ Hardwareပိုင်း သိသိသာသာ မြှင့်တင်မှုများ ရှိလာမည်ဟုလည်း ရေးသားခဲ့သည်။ Apple အနေဖြင့် iPhoneများ ရောင်းချမှုတွင် ကြီးမားစွာ အောင်မြင်နေသည့်တိုင် ပြိုင်ဘက်ကြီး Samsung၏ နယ်ပယ်ချဲ့ထွင်မှုများကြောင့် ဈေးကွက်အစိတ်အပိုင်းအချို့ ဆုံးရှုံးနေကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်