Monday, November 04, 2013

သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဟောပြောပွဲများ အရှိန်မြှင့်မည်

Posted by drmyochit Monday, November 04, 2013, under | No comments

သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ဟောပြောပွဲများ အရှိန်မြှင့်မည်

လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကောက်ယူမည်ဖြစ်သည်။
အချိန်ငါးလခန့်သာ လိုတော့သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်၊ ရပ်ကွက်များအလိုက် အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးကပြောသည်။ “သန်းခေါင်စာရင်းကောက်ယူရာမှာ မှန်ကန်တဲ့ အချက်အလက်တွေရဖို့ သိထားသင့်တာတွေကို မြို့နယ်အလိုက် ဟောပြောပွဲတွေလုပ်သွားမှာပါ။ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်မယ့် ၀န်ထမ်းတွေကိုလည်း ဒီလကစပြီး သင်တန်းတွေပေးနေပါပြီ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်ကပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အကြိမ် ၁၀၀ ခန့် ပြုလုပ်ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကောက်ယူမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံနှင့် မိုးကုတ်မြို့နယ်များတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ပြုလုပ်ပြီးဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရန်အတွက်လည်း မြို့နယ်၊ ရပ်ကွက်များအားလုံးတွင် ကောက်ကွက်မြေပုံများ ရေးဆွဲပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ဆရာ၊ ဆရာမ ၀န်ထမ်းအင်အား ၁၁၅၀၀ ကျော်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးသတ်၊ ကြက်ခြေနီ စသည်များဖြင့် ကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက် ၂၆၉၊ ကျေးရွာ ၄၇၉၇ နှင့် ခန့်မှန်းလူဦးရေ ၇၄၂၂၈၈၃ ဦး ရှိကြောင်း သတင်းရရှိသည်။

Credit: 7Day Daily Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်