Monday, November 04, 2013

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားကို ထုတ်လုပ်ရောင်းချရန် Lamborghini စီစဉ်

Posted by drmyochit Monday, November 04, 2013, under | No comments


ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားကို ထုတ်လုပ်ရောင်းချရန် Lamborghini စီစဉ်

Aventador LP 700-4 မော်တော်ကား အမျိုးအစားအတွက် အရွယ်အစား သေးငယ်သည့် ပုံတူလေး တစ်ခုကို ပြုလုပ်ခဲ့ပြီး ယင်းရွှေကား ကားရုပ်ပုံတူလေးကို ရောင်းချရန်ပင် ပေါင်စတာလင် (၂)သိန်းခွဲ ဈေးနှုန်း သတ်မှတ်ထားသည်။



Lamborghini မော်တော်ကား ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မော်တော်ကားကို ဖန်တီး ထုတ်လုပ်သွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ Lamborghiniသည် ၎င်းတို့၏ Aventador LP 700-4 မော်တော်ကားကို ရွှေသားစစ်စစ် ကိုယ်ထည်ဖြင့် ပထမဆုံးအကြိမ် ထုတ်လုပ်ရန် စီစဉ်လျှက်ရှိသည်။ အဆိုပါ မော်တော်ကားမျိုးကို သီးသန့်မှာယူသူများအတွက် Limited Editon အဖြစ်သာ ဖန်တီးမည် ဖြစ်သည်။ ယင်းမော်တော်ကား အမျိုးအစားအတွက် အရွယ်အစား သေးငယ်သည့် ပုံတူလေး တစ်ခုကို ပြုလုပ်ခဲ့ပြီး ယင်းရွှေကား ကားရုပ်ပုံတူလေးကို ရောင်းချရန်ပင် ပေါင်စတာလင် (၂)သိန်းခွဲ ဈေးနှုန်းသတ်မှတ်ထားသည်။ အမှန်တကယ် တည်ဆောက်မည့် ရွှေသား မော်တော်ကားစစ်စစ် အတွက်မူ ပေါင်စတာလင် (၄.၂)သန်းမျှ ဈေးနှုန်းကျသင့်မည် ဖြစ်သည်။


သေးငယ်သော ရွှေသားပုံတူ မော်တော်ကားလေးကို ဂျာမန်သား စက်မှုအင်ဂျင်နီယာ ရောဘတ်ဂူလ်ပန်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကားရုပ်လေးကို ဒူဘိုင်းရှိ Lamborghini ကားShowroomတွင် ထားရှိရောင်းချမည် ဖြစ်သည်။ Lamborghini၏ အဆိုအရ ကားရုပ်လေးကို ပြုလုပ်သည့် စရိတ်စကချည်း ပေါင်စတာလင် (၂)သိန်းနီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပုံစံတူ အမှန်စင်စစ် မော်တော်ကားကမူ ကမ္ဘာ့စံချိန်တင် တန်ဖိုးအကြီးဆုံး ဖြစ်လာမည်ဟု ဆိုသည်။ Lamborghiniသည် ကုမ္ပဏီ၏ နှစ်ပေါင်း(၅၀)ပြည့် တည်ထောင်မှု အထိမ်းအမှတ်အဖြစ် အဆိုပါ Limited Editionကို ဖန်တီးခြင်း ဖြစ်သည်။


Lamborghini အနေဖြင့် ရွှေသားကိုယ်ထည်ဖြင့် မော်တော်ကားအတွက် ရွေးချယ်သည့် မော်ဒယ်လ်တွင် လက်ရှိ ဈေးအမြင့်ဆုံး မော်တော်ကား အမျိုးအစားကို အသုံးမပြုခဲ့ချေ။ Aventador စီးရီးများသည် Lamborghini၏ စွမ်းအင်အမြင့်ဆုံး အမျိုးအစား မဟုတ်သေးဘဲ မကြာသေးမီက ထုတ်လုပ်ခဲ့သည့် တစ်နာရီ မိုင်(၂၂၀)နှုန်း မောင်းနှင်နိုင်သော Veneno Roadsterက ထိပ်ဆုံးနေရာတွင် ရှိနေသည်။ မြင်းကောင်ရေ (၇၅၀)အား V18 အင်ဂျင်ကို ထည့်သွင်းတပ်ဆင်ထားသည့် အဆိုပါ ပြိုင်ကားကို Lamborghiniက ဒေါ်လာ (၃.၃၆)သန်းဖြင့် ရောင်းချနေသည်။ မူရင်း Aventadorမှာမူ ပုံစံငယ် ရွှေရုပ်တုထက်ပင် အတန်ငယ် ဈေးနှုန်းလျော့နည်းကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်