Tuesday, December 10, 2013

အလယ်ပိုင်း အာဖရိက ပြည်ထောင်စုတွင် ဥပဒေစိုးမိုးရေးအတွက် အမေရိကန် ကူညီ

Posted by drmyochit Tuesday, December 10, 2013, under | No comments

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က အမေရိကန် စစ်တပ်များအား ဘူရွန်ဒီမှ အလယ်ပိုင်း အာဖရိက ပြည်ထောင်စုသို့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပူးပေါင်းကူညီရန် ညွန်ကြားခဲ့

အမေရိကန် ပြည်ထောင်စု အနေဖြင့် အလယ်ပိုင်း အာဖရိက ပြည်ထောင်စု နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများအတွက် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းရန် အကူအညီ ပေးသွားမည် ဖြစ်သည်။ ပြင်သစ်တပ်ဖွဲ့များသည် အလယ်ပိုင်း အာဖရိက ပြည်ထောင်စု အစိုးရ တပ်များနှင့်အတူ လက်ရှိ ပဋိပက္ခများကို ဖြေရှင်းရန် လုံခြုံရေး စောင့်ကြပ်ပေးလျှက် ရှိသည်။ သို့သော်လည်း အာဖရိက ယူနီယံ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များပါ ဝင်ရောက်လာရန် လိုအပ်နေရာ ယင်းအတွက် အမေရိကန်က ပို့ဆောင်ရေး ကဏ္ဍ၌ အကူအညီ ပေးသွားမည်ဟု သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က အမေရိကန် စစ်တပ်များအား ဘူရွန်ဒီမှ အလယ်ပိုင်း အာဖရိက ပြည်ထောင်စုသို့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပူးပေါင်းကူညီရန် ညွန်ကြားခဲ့သည်။ ပြင်သစ် အစိုးရသည် ယခုအထောက်အပံ့အတွက် အမေရိကန်ထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။ အာဖရိက ယူနီယံ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၁၆၀၀)ကျော်မျှကို အမေရိကန်က လေကြောင်းမှ ကူညီပို့ဆောင်ပေးမည် ဖြစ်သည်။ အလယ်ပိုင်း အာဖရိက ပြည်ထောင်စုတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်မှ စတင်ကာ လမ်းများပေါ်၌ ဘာသာရေးနှင့် ဆက်နွယ်သည့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သလို ပစ်ခတ်မှုများ၊ ဓားခုတ်မှုများအတွင်း လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဖြစ်စဉ်ကို ငြိမ်သက်အောင် ထိန်းသိမ်းရန်နှင့် ရမ်းကားသူများကို ဖမ်းဆီးရန် တိုက်တွန်းထားသည်။ တနင်္လာနေ့ကမူ ပြင်သစ်စစ်တပ် စောင့်ကြပ်နေသည့် မြို့တော် ဘန်ဂူအီရှိ လေဆိပ်အနီး၌ သေနတ်သမားများက လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲငယ်တစ်ခု ပေါ်ပေါက် ခဲ့သေး သည်။ သို့သော်လည်း ညပိုင်းတွင်မူ စစ်သွေးကြွ အတော်များများကို ရှင်းလင်းနိုင်ပြီဖြစ်ကြောင်း ပြင်သစ် စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်