Tuesday, December 10, 2013

တောင်ကြီးမြို့ နေအိမ်တစ်လုံး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာပစ္စည်းများ ဆက်စပ်တွေ့ရှိ

Posted by drmyochit Tuesday, December 10, 2013, under | 1 comment


တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းဆုံ၊ အိမ်အမှတ်(၁၈၈)၌ နေထိုင်သော ဦးမဟာဂျီစွတ်(ခေါ်)ဦးမြင့်သိန်း၏ နေအိမ်၌ ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ရှင် ဦးမြင့်သိန်း ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ရှိရသော ဆက်စပ်ပစ္စည်း များအရ ကိုယ်တိုင်လုပ်မိုင်းတစ်လုံး ဖြစ်နိုင်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဦးမဟာဂျီစွတ်(ခေါ်) ဦးမြင့်သိန်း ထိခိုက်ဒဏ်ရာရသော နေအိမ်လှေကားအုတ်ခုံအနီး၌ ဘောစေ့များ၊ တရုတ်နိုင်ငံလုပ် I-Phone Apple တံဆိပ်ပါ မီးကျွမ်းရာပါ အဖြူရောင်ဟန်းဆက် (ဆင်းမ်ကတ်မပါ) (၁)လုံးနှင့် အဖြူရောင်အားသွင်းကြိုး(၁)ခု၊ ဖုန်းထည့်အိတ်(၂)ခု၊ သတ္ထုဖြင့် ပြုလုပ်ထားသည့် ၀က်အူရစ်(၂.၅)လက်မ အရွယ် ရေပိုက်(၁)ခုကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

ဦးမြင့်သိန်းသည် မြို့လယ်ဗလီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး နေအိမ်ပေါက်ကွဲမှုအပေါ် မသင်္ကာဖွယ်ရာ ဆက်စပ်ပစ္စည်းများ တွေ့ရှိခြင်းကြောင့် အဆိုပါဗလီအား ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေခဲ့ရာ ဗလီအတွင်းမှ လူကို အသက်အန္တရာယ်ထိခိုက်ခြိမ်းခြောက်နိုင်သော ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

“ ပေါက်ကွဲမှုဖြစ်တဲ့ အိမ်ပေါ်မှာ လက်လုပ်မိုင်းလို့ ယူဆရတဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တဲ့အတွက် ဒီဗလီကို လာပြီး ရှာဖွေခဲ့ကြတာပါ၊ ထင်တဲ့အတိုင်းပဲ ဓါး၊ လေးခွ၊ သံချောင်းတွေနဲ့ ဖန်ဂေါ်လီလုံးတွေ၊ ငရုတ်သီးမှုန့်ထုတ် တွေ သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက ပြောသည်။

အဆိုပါ ဗလီအတွင်း၌ ငှက်ကြီးတောင် ဓါးအိမ်ပါ ၅ လက်၊
ဆာလာအိတ်/လွယ်အိတ်ဖြင့် ထည့်ထားသည့် ဖန်ဂေါ်လီ(ကြီး/ငယ်) စုစုပေါင်း ၁၀၀၀ လုံးခန့်၊ လွယ်အိတ်ဖြင့် ထည့်ထားသည့် သံကုန်းသီး ၅၀၀ လုံးခန့်၊ လေးခွ ၁၀ ခု၊ ငရုတ်သီးမှုန့်ထုတ် ၁ ပိဿာခန့် ၂ ထုပ်၊ ၃ ပေခန့်အရှည်ရှိ သံချောင်း(၃)ချောင်းတို့ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း
Shan News

1 comments:

This case is very serious and dangerous for the Buddhist people. This case is done by Islamic community There will be some connecting people with this case. Some Islamic people are very dangerous not only in Myanmar but in many countries at present day. All Buddhist Myanmar nation should be aware of Islam at everywhere. They all are not sincere.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်