Tuesday, December 10, 2013

ရွေးကောက်ပွဲတွင် ပူးပေါင်းကြရန် အတိုက်အခံများကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

Posted by drmyochit Tuesday, December 10, 2013, under | No comments

အသက်(၄၆)နှစ်ရှိ ယင်လက်ခ်သည် (၂၀၁၁)ခုနှစ်က ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင် ခဲ့သော်လည်း ယခင်က လုပ်ငန်းရှင် တစ်ဦးသာဖြစ်ပြီး မည်သည့် နိုင်ငံရေး အတွေ့အကြုံမျှ မရှိခဲ့ချေ

ရွေးကောက်ပွဲ တစ်ကျော့ပြန် ကျင်းပမှုတွင် ပူးပေါင်းပါဝင်ကြပါရန် အတိုက်အခံများကို ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာက မျက်ရည်လည်ရွဲဖြင့် ပန်ကြား တောင်းဆိုလိုက်သည်။ ယင်လက်ခ်သည် ဆန္ဒပြမှုများ ပြင်းထန်လာခြင်းကြောင့် လွှတ်တော်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲများကို ဖေဖော်ဝါရီ လဆန်းတွင် ကျင်းပသွားမည်ဟု ကြေညာထားသည်။ သို့သော်လည်း အတိုက်အခံတို့က အလျှော့မပေးသေးဘဲ လက်ရှိ အစိုးရကို ဖျက်သိမ်းကာ ကြားဖြတ်အစိုးရတစ်ခုက အုပ်ချုပ်ရေးအာဏာကို ယာယီထိန်းသိမ်းထားရန် ဆက်လက် တိုက်ပွဲဝင်လျှက် ရှိသည်။ ထို့အပြင် သူမကို (၂၄)နာရီအတွင်း ရာထူးမှ နုတ်ထွက်ပေးရန်လည်း ပြင်းပြင်းထန်ထန် ဖိအားပေးနေဆဲဟု သိရသည်။

ယင်လက်ခ်ကမူ ရွေးကောက်ပွဲ မကျင်းပမီ ယာယီအစိုးရအဖြစ် သူမကပင် ဝန်ကြီးချုပ် တာဝန်ကို ဆက်လက် ရယူထားမည်ဟု ပြောဆိုထားသည်။ အင်္ဂါနေ့တွင်မူ ယင်လက်ခ်က အစိုးရ ဆွေးနွေးပွဲ တစ်ခုကို ဘန်ကောက်ရှိ စစ်တပ် အသင်းတိုက် တစ်ခုတွင် ကျင်းပခဲ့သည်။ "ခုချိန်မှာ အစိုးရဟာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးပြီ။ ဒါကြောင့် ရှင်တို့ ဆန္ဒပြနေတာ ရပ်တန့်ပေးကြပါတော့လို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ ရွေးကောက်ပွဲကို နှစ်ဦးနှစ်ဖက် အတူတကွ ဦးတည်သွားစေချင်ပါတယ်"ဟု ယင်လက်ခ်က အတိုက်အခံများကို ရည်ရွယ်ကာ သတင်းထောက်များထံ ပြောဆိုခဲ့သည်။

သူမစကားပြောနေချိန်တွင် မျက်ရည်များ ကျနေခဲ့သည်ကိုလည်း တွေ့ရသည်။ အသက်(၄၆)နှစ်ရှိ ယင်လက်ခ်သည် (၂၀၁၁)ခုနှစ်က ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သော်လည်း ယခင်က လုပ်ငန်းရှင် တစ်ဦးသာဖြစ်ပြီး မည်သည့် နိုင်ငံရေး အတွေ့အကြုံမျှ မရှိခဲ့ချေ။ အတိုက်အခံများက သူမသည် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ၏ လက်ပါးစေ ရုပ်သေးရုပ်အဖြစ် ရှုမြင်ထားပြီး သက်ဆင်၏ လွှမ်းမိုးမှုကို အပြီးတိုင် ပယ်ဖျက်နိုင်ရန် ကြိုးစားမည်ဟု ကြွေးကြော်ထားကြသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်