Tuesday, December 10, 2013

မင်္ဂလာပွဲမှာ နင်ဂျာ၊ သံမဏိလူသား၊ လင်းနို့လူသားတို့ ရုတ်တရက် ရောက်လာပြီး စိန်ခေါ်တိုက်ခိုက်

Posted by drmyochit Tuesday, December 10, 2013, under | No comments


ဒီဇင်ဘာ ၇ရက်က ဖလော်ရီဒါတွင် ပြုလုပ်သည့် မင်္ဂလာပွဲတစ်ခုတွင် ရုပ်ပြဇာတ်ကောင်များဖြစ်သော နင်ဂျားများ၊ သံမဏိလူသား၊ လင်းနို့လူသားနှင့် WWE မှ Jimmy Hart တို့ တစ်ဦးပြီးတစ်ဦး ရုတ်တရက် ရောက်လာပြီး သတို့သားကို စိန်ခေါ်တိုက်ခိုက်ခဲ့သဖြင့် ဧည်သည်များမှာ များစွာ မင်သက် အံ့သြခဲ့ရသည်။

ထိုတိုက်ခိုက်မှုများသည် မင်္ဂလာပွဲကို ဖျက်ဆီးခြင်းမဟုတ်သလို၊ ထိခိုက်နာကျင်ခြင်းလည်း မရှိခဲ့ပေ။ အကြောင်းမှာ ပွဲလာဖျက်သူ ရုပ်ပြဇာတ်ကောင်အားလုံးမှာ ငှားရမ်းထားသော သရုပ်ဆောင်များ ဖြစ်နေခြင်းကြောင့်ပင်။

သတို့သား အက်ဒန်ဘိုန်နှင့် သတို့သမီး မီရှဲလ်ချန်တို့သည် သူတို့၏ မင်္ဂလာပွဲကို တမူထူးခြားစေရန် စီစဉ်ခဲ့ကြသည်။ အက်ဒန်ဘိုန်မှာ ဗီဒီယိုဂိမ်းရေးသားသူဖြစ်သဖြင့် သူ၏ ဘ၀တစ်ဆစ်ချိုးကာလ ဖြစ်သော မင်္ဂလာပွဲတွင် သူချစ်သော ရုပ်ပြဇာတ်ကောင်များ နှင့် ဖြတ်သန်းချင်ခဲ့သည်။ သူကိုယ်တိုင် ကလည်း ရှေးခေတ် ချပ်ဝတ်တန်ဆာများနှင့် ဓားတစ်လက်ကိုင်ကာ မင်္ဂလာပွဲကို တက်ရောက်ခဲ့သည်။

ဇာတ်ကောင်များ ရောက်လာပြီး တိုက်ခိုက်ပုံကို ဗီဒီယိုကင်မရာသုံးလုံးခွဲကာ ရိုက်ကူးခဲ့ပြီး YouTube သို့ တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၈သိန်းကျော်မျှ ရှိသဖြင့် လူကြိုက်များအောင်မြင်သော မင်္ဂလာပွဲ ဖြစ်လာခဲ့သည်။

Ref: Daily Mail
The Myanma Age


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်