Tuesday, December 10, 2013

ရုပ်ရှင်နယ်ပယ်မှ ခေတ္တအနားယူလိုကြောင်း ဂျနီဖာလောရင့်စ်ဖွင့်ဟ

Posted by drmyochit Tuesday, December 10, 2013, under | No comments

ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုများ ဆက်တိုက် ရရှိလာသည့် ဂျနီဖာသည် ရုပ်ရှင်ဇာတ်ကားများကို မနားတမ်း ရိုက်ကူးနေရသည့်နောက် သူမအတွက် အတန်ငယ် အားလပ်ချိန် လိုအပ်လာပြီဟု ဝန်ခံခဲ့သည်

ဂျနီဖာ လောရင့်စ်က သူမအနေဖြင့် ပုဂ္ဂိုလ်ရေး ဘဝကို ပိုမိုအာရုံ စူးစိုက်လိုခြင်းကြောင့် ရုပ်ရှင်နယ်ပယ်မှ ခေတ္တ အနားယူရန် ဆန္ဒရှိနေကြောင်း ဖွင့်ဟခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုများ ဆက်တိုက် ရရှိလာသည့် ဂျနီဖာသည် ရုပ်ရှင်ဇာတ်ကားများကို မနားတမ်း ရိုက်ကူးနေရသည့်နောက် သူမအတွက် အတန်ငယ် အားလပ်ချိန် လိုအပ်လာပြီဟု ဝန်ခံခဲ့သည်။ Hunger Games ဇာတ်ကားများနှင့် အောင်မြင်ခဲ့သလို အော်စကာဆုကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည့် ဂျနီဖာသည် ကင်မရာများရှေ့မှ ခေတ္တပျောက်ကွယ်နေလိုကြောင်း ပြောကြားခဲ့သည်။ Winter Bone ဇာတ်ကားတွင် အော်စကာဆုအတွက် ဆန်ခါတင် သတ်မှတ်ခံရသည့် (၂၀၁၀)ပြည့်နှစ်မှ စတင်ကာ ဂျနီဖာ အနေဖြင့် တောက်လျှောက် အောင်မြင်မှုများ ရရှိနေခဲ့ပြီး ဖြစ်သည်။

ဂျနီဖာက "ကျွန်မရဲ့ အနုပညာ ဘဝကို ကျွန်မကိုယ်တိုင် တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ လူသားဘဝကိုလည်း ကိုယ်တိုင်တည်ဆောက်ဖို့ လိုပါတယ်။ အိမ်လေးတစ်လုံးမှာ အလုပ်နဲ့ မပတ်သက်တဲ့ ကျွန်မဘဝထဲက လူတွေနဲ့ ဆက်သွယ် စကားပြောရင်း နားနေတဲ့ အချိန်မျိုးလေး လိုပါတယ်။ နည်းနည်းလောက်ပဲ ဖြစ်ဖြစ်ပေါ့"ဟု မှတ်ချက်ပြုခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဂျနီဖာသည် (၂၀၁၃)ခုနှစ်တွင် Silver Lining Playbook ဇာတ်ကားဖြင့် အော်စကာဆုကို ရရှိခဲ့သည်။ သူမသည် (၂၀၁၄)တွင် ရုံတင်မည့် X-Men: Days of Future Pastနှင့် The Hunger Games: Mockingjay - Part 1တို့တွင်လည်း ပါဝင်ထားပြီး ဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်