Tuesday, December 10, 2013

KIA က တပ်သားသစ်များ ဆက်တိုက် ဖမ်းဆီးစုဆောင်း

Posted by drmyochit Tuesday, December 10, 2013, under | No comments

မံစီမြို့နယ်အတွင်း KIA က တပ်သားသစ်များ ဆက်တိုက် ဖမ်းဆီးစုဆောင်း နေသည့်အတွက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောထားကြေငြာချက် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်-မံစီမြို့နယ်အတွင်း မန်ဖွကျေးရွာနှင့် လမ်းတစ် လျှောက်မှ ဒေသခံ ရှမ်းမျိုးနွယ်စုများအား KIA မှ တပ်သားသစ်အဖြစ် ၄-၁၂-၂၀၁၃ မှ ၉-၁၂-၂၀၁၃ နေ့ထိ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေသော ကြောင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ သဘောထားကြေငြာ ချက်တစ်ဆောင်ကို ဒီဇင်ဘာလ (၉)ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ သဘောထားကြေငြာချက်တွင် KIA မှ ဒေသခံ ရှမ်းမျိုးနွယ်စုများကို လက်နက်အားကိုး အနိုင်ကျင့်ခြင်းမှု ရပ်တန့်ခြင်း မရှိသဖြင့် ရှမ်းမျိုးနွယ်စု များမှာ နာကျည်းမုန်းတီးမှုများ ဖြစ်ပေါ်လာကြရသည်ဟု ပါရှိပြီး နိုင်ငံတော် အစိုးရမှ အကာအကွယ်ပေးရန်နှင့် လက်နက်အားကိုး အနိုင်ကျင့်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တိုက်တွန်းတောင်း ဆိုထားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ခေါင်းဆောင်း ဦးစိုင်းစန်းဝေမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်