-လက်ရှိ နိုင်ငံရေးအားပြိုင်ပွဲဟာ တခါလာ မဲပြာပုဆိုးဇတ်လမ်းပဲ..။ ရင်ကြားစေ့ရေးလုပ်ငန်း ကို အခြားသော အမြင်သစ်နဲ့ ချဉ်းကပ်သင့်ပြီလို့ လည်းထင်မိတယ်..။ တခါက လေလှိုင်းဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံရေးသမားတစ်ယောက်က ဒီအကွဲအပြဲကို လင်ကွဲမယားကွဲ နဲ့ တင်စားသွားတာ ကြားလိုက်ရတယ်..။
-စစ်အုပ်စုကို ယောကျာ်း၊ ဒေါ်စုတို့ အတိုက်အခံအဖွဲ့ ကို မယား ပေါ့...။ သူ့ ဥပမာက သင့်မြတ်လှတယ်..။ စစ်ရဲ့ သဘော ကိုက ယောကျာ်းပီသမှု (masculinity) ကိုဦးတည်ပြီး ကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်း စသဖြင့် ထိန်းချုပ်မှု (control) ရဲ့ သရုပ်သကန်။ အမျိုးသားဝါဒ (Nationalism) ရဲ့ ပြယုဂ်။ တဖက်မှာ လည်း... ငြိမ်းချမ်းရေးတို့ ၊ ဒီမိုကရေစီတို့ ဆိုတာမျိုးက အမေတစ်ယောက်ရဲ့ ရင်ခွင်မျိုး (caretaker) ကို ညွှန်းဆိုလေ့ ရှိတာကိုး..။
- ဒါပေမယ့်လည်း ဒီဆန့် ကျင်ဘက် ၂ ခုဟာ တစ်ခုမရှိပဲ တစ်ခုရပ်တည်လို့ မရ။ အမေရှိရင် အဖေကရှိကိုရှိရတော့မှာကိုး..။ ဒီမိုကရေစီတို့ ၊ငြိမ်းချမ်းရေးတို့ ဆိုတာ စစ်တပ်မပါဘဲနဲ့ ရေရှည်မတည်တံနိုင်။
- ကျားမဆက်ဆံရေး (Gender relation) နဲ့ ပါတ်သက်လာရင် အခွင့်အရေးကို ကျူးလွန်ဖေါက်ဖျက်သူ (perpetrator) က ယောကျာ်းဖြစ်လေ့ရှိပြီးတော့ ခံရသူဒုက္ခသည် (victim) က မိန်းမဖြစ်လေ့ရှိတတ်တယ်။ စစ်အာဏာရှင်နဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးဆိုတာလည်း ဒီသဘောပါပဲ..။
- ဒီလို " ယောကျာင်္း = ဗီလိန်၊ မိန်းမ = ဓါးစာခံ " သမရိုးကျအမြင်နဲ့  လိင်ခွဲခြားမှု ပြဿနာတွေကို ကိုယ်တွယ်ခဲ့ကြရာမှာ ဘယ်လို မှအောင်မြင်မှုမရတဲ့အပြင် ဆေးကြောင့်ပဲ လေးဆိုသလိုဖြစ်လာခဲ့သတဲ့..။ ရလဒ်အနေနဲ့ ကတော့...ဒီ လိင်ခွဲခြားဆက်ဆံမှုကို တင်သွင်းလာတဲ့.. ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေက လူတွေဟာ သူတို့ ကိုယ်သူတို့ ကယ်တင်ရှင် (savior) ဆင်းရဲလှတဲ့ တိုင်းပြည်က မိန်းမတွေကိုကြတော့ ကယ်ဆယ်ရမယ့်သတ္တ၀ါ (victim) ယောကျာ်းတွေကိုတော့ အကြမ်းဖက်သမားလူဆိုး (perpetrator) ဆိုတဲ့ အခင်းအကျင်းကို ဖန်တီးထုတ်လုပ်မိပြီးသားဖြစ်သွားတော့တယ်...။ ဒီမှာပဲ...လူမှုရေးအပြောင်းအလဲ (social change) မဖြစ်တော့ပဲ လူမှုရေးတွေ ပိုမိုရှုပ်ထွေးလာခဲ့ တော့တာပဲ..။
- အကြောင်းရင်းကတော့ ကိုင်တွယ်ရမယ့်ပြဿနာဟာ တရားခံ၊ တရားလို နဲ့ တရားသူကြီးဆိုတဲ့ အခင်းအကျင်းလောက် ရိုးစင်းခြင်းမရှိပဲ....နောက်ကွယ်မှာ တိမ်မြုပ်နေတဲ့ လူမှုရေးစံနှုန်းတွေ (social norms) တွေ၊ လူမျုရေးကျင့်ထုံးတွေ (social institutions) လူ့ အဖွဲ့ အစည်းတစ်ခုရဲ့ တည်ဆောက်ချက် အကန့် အသတ် (structural constraints) တွေဟာ...နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေလို့ ပဲ..။
- ဥပမာ....မုဒိမ်းကျင့်တာကို ယောကျာ်းပီသခြင်းလို့ ခံယူတဲ့ အသိုင်းဝိုင်းထဲက စစ်သားတစ်ယောက်ဟာ ဒီမကောင်းတဲ့အမှုကို အခွင့်အရေးကြုံ့ပါလျက်မလုပ်ပဲ နေတယ်ဆိုပါစို့ ...။ သေချာတာက ဒီစစ်သားဟာ အပေါင်းဖေါ်တွေရဲ့ လှောင်ပြောင်ရှုံ့ ချမှု (mockery) ကိုခံရမယ်..။ သူတို့ တွေရဲ့ ဖိအားပေးမှု (peer pressure) ကိုခံရမယ်..။ အဆိုးဆုံးအနေနဲ့ သူရဲဘောကြောင်သူအဖြစ် နဲ့ သတ်ဖြတ်ပစ်တာမျိုးတောင် ခံရလေ့ရှိသတဲ့..။ ဒီနေရာမှာ...အာရှသားယောကျာ်းတွေ ထမင်းဟင်းချက်တာကို မိန်းမအလုပ်အဖြစ် မလုပ်လိုတာ..ဂျပန်ယောကျာ်းတစ်ယောက်ဟာ အိမ်ရှင်မရဲ့ အိမ်မှုကိစ္စကို ၀ိုင်းကူလုပ်ပေးရင် အခြားသောယောကျာ်းတွေက လှောင်ပြောင်အပစ်တင်တာမျိုးဟာလည်း ဒီ social norms ပြဿနာပဲ..။
- ဒီလိုပဲ..ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကြပ်မတ်ခြင်းကို အမျိုးသားရေးတာဝန်လို့ ခံယူထားတဲ့ စစ်သားတစ်ယောက်အနေနဲ့  ဘယ်လိုပင် ဒီမိုကရေစီကို မြတ်နိုးစေဦးတော့...သူ့ ရဲ့ အသိုင်းအ၀ိုင်း တပ်ထဲမှာတော့ ဒီမိုကရေစီကို ကျူးလွန်ဖေါက်ဖျက်သူ၊ ဒီမိုကရေစီစံကိုက်မဟုတ်သူအနေနဲ့ မြင်ရမှာပဲ..။
- ဒါဖြင့်ရင်..ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ..။ အကောင်းဆုံးနည်းလမ်းက ပါဝင်ပူးပေါင်းစေခြင်း (inclusion) ပါတဲ့..။ ဆိုလိုတာက.. အမျိုးသမီးဘ၀ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ ယောကျာ်းတွေကိုပါ ပါဝင်စေတာ.(participatory).။ အမျိုးသမီးတွေကို အလုပ်အကိုင်ပေးတဲ့ ပရောဂျက်တွေမှာ အမျိုးသားတွေကိုပါ အလုပ်ပေးတာ..။ အမျိုးသမီးအခွင့်အရေးအသိပညာပေး လုပ်ငန်းတွေမှာ ယောကျာ်းတွေကိုပါ တက်ရောက်စေတာ စသဖြင့်ပါတဲ့..။ တကယ်တော့...မိန်းမတွေကို အကာအကွယ်ပေးရင်းနဲ့ ယောကျာ်းတွေကို ထိခိုက်နစ်နာစေတယ်ဆိုရင်အဆုးံမတော့ အမျိုးသမီးတွေပဲ ပြန်လည်နစ်နာစေတာကိုး..။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ ဆိုသကိုး..။
-ဒီလိုပဲ..စစ်သားတွေကို ဒီမိုကရေစီအသိပညာပြန့် ပွားရေးလုပ်ငန်းတွေမှာပါဝင်စေတာ၊ ဒီမိုကရက်တစ် အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ ဆက်ဆံစေတာ စသဖြင့် လုပ်ဖို့ လိုအပ်မယ်ထင်မိတယ်..။
-နောက်တစ်ခုက လိင်ကွဲပြားမှု အပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲဖို့ ..။ မိန်းမတွေဟာ ယောကျာ်းတွေနဲ့ နေရာတကာမှာတန်းတူလုပ်နိုင်တယ်ဆိုတဲ့ တန်းညှိတဲ့ အမြင်ထက် မိန်းမတွေဟာ ယောကျာ်းတွေရတဲ့ အခွင့်အရေးတွေကို တန်းတူရသင့်တယ် (equal rights)ဆိုတဲ့အ မြင်ကိုဆုပ်ကိုင်ပြီး တောင်းဆိုဖို့ ပညာပေးစည်းရုံးဖို့ ပဲ...(convincing)..။
- ဒီလိုပဲ....စစ်တပ်ကလူတွေနည်းတူ အခြားသော အရပ်ဖက်ကလူတွေဟာလည်းပဲ တန်းတူအခွင့်အရေးရသင့်တယ်...ဆိုတာကို ခိုင်ခိုင်မာမာစည်းရုံးပြောဆိုနိုင်ရမယ်...။ အသိပညာပေး ဟောပြောနိုင်ရမယ်....။ ဒါမှသာလျှင် လူ့ အဖွဲ့ အစည်းရဲ့ တည်ဆောက်ချက် အကန့် အသတ်တွေ (structural constraints) ကိုချိုးဖျက်နိုင်ပေလိမ့် မယ်..။
-အဲ နောက်တစ်ခုစဉ်းစားဖို့ က ..အခွင့်အရေးကိုကျူးလွန်ဖေါက်ဖျက်သူတွေကို အရေးယူဖို့ ဥပဒေတွေကရော အရေးမပါဘူးလား (coercion)။ ဥပဒေတွေဟာ အရေးပါတယ်...ဒါပေမယ့် ပိုအရေးကြီးတာက စာချုပ်တွေရှိရှိမရှိရှိ လိုက်နာရမယ့် စည်းမျဉ်းကို လိုက်နာကျင့်သုံးခြင်းပဲ..။ ဥပမာ..အမျိုးသမီးအခွင့်အရေးကို အကာအကွယ်ပေးတဲ့ နိုင်ငံတကာစာချုပ်ကို အမေရိကန်က လက်မှတ်ထိုးမထားပါဘူး။ ဒါပေမယ့် တဖက်မှာလည်း.. အာဖဂန်နစ္စတန် လို တိုင်းပြည်မျိုးက ဒီ CEDAW ကိုလက်မှတ်ရေးထိုးထားပြန်ရော (signatory)။
- ဆိုလိုတာက စက္ကူစာချုပ်ထက် လက်တွေ့ မှာ ရိုးရိုးသားသားကျင့်ကြံတယ့် လူမှုကျင့်ထုံး (social institutions) တွေက ပိုအရေးကြီးတယ်ဆိုတာပဲ..။
0 comments:
Post a Comment