Thursday, December 05, 2013

ဘာသာရေး စော်ကားတဲ့ ဆန္ဒပြမှုကို စုံစမ်း

Posted by drmyochit Thursday, December 05, 2013, under | No comments

သံဃာတော်တွေ ပါတဲ့ OIC ဆန္ဒပြပွဲ
အစ္စလာမ္မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံ ခရီးကို ဆန္ဒပြ ခဲ့ကြ ရာမှာ သူတပါး ကိုးကွယ်တဲ့ ဘာသာ သာသနာ ကို စော်ကား ရာ ရောက်တဲ့ ဆိုင်းဘုတ် ကိုင်ဆောင်သူ တွေကို အရေးယူဖို့ စုံစမ်း နေတယ် လို့ ရဲတပ်ဖွဲ့ ကပြောပါတယ်။

သံဃာတော် တွေ အပါအဝင် လူပေါင်း တထောင် လောက် ပြီးခဲ့တဲ့လ ၁၅ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ ကြရာမှာ ကိုင်ဆောင် ခဲ့တဲ့ ဆိုင်းဘုတ် နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေ ကြောင်း ဗဟန်းမြို့နယ် ရဲစခန်း က ဒုရဲအုပ် ဦးထွန်းမွှေးက ဘီဘီစီကို ပြောပါတယ်။

အခြားသူများ ကိုးကွယ်တဲ့ ဘာသာ စော်ကား သူများကို ပြစ်မှု ပုဒ်မ ၂၉၅ (က) နဲ့ စွဲဆိုနိုင်ပြီး လက်ရှိ စုံစမ်းမှုတွေ ပြီးရင် ဖော်ထုတ် အရေးယူ သွားမယ် လို့လည်း ဆိုပါတယ်။

ဘီဘီစီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်