Thursday, December 05, 2013

စာနယ်ဇင်း မီဒီယာ ကျင့်ဝတ် ပေါ်ထွန်းလာရေး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်

Posted by drmyochit Thursday, December 05, 2013, under | No comments

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် IMS မှ အမှုဆောင်ဒါရိုက်တာတို့အား အမှတ်တရဓာတ်ပုံရိုက်နေစဉ်။

စာနယ်ဇင်းသမားများ မီဒီယာကျင့်ဝတ် စည်းကမ်းတစ်ခု ပေါ်ထွက်လာရန် မြန်မာနိုင်ငံစာ နယ်ဇင်းကောင် စီ(ယာယီ)နှင့်  International Media Support  တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။ အစိုးရမှ စာနယ်ဇင်းလွတ် လပ်ခွင့်ပေးခဲ့သည့်အပေါ်တွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေး သားမှု များ ရေးသားခြင်းများကြောင့် အစိုးရမှ ပြန်လည်ချုပ်ကိုင်မည် စိုးသည့်အတွက် မြန်မာ မီဒီယာ သမားများသည် သတင်းလွတ်လပ် ခွင့်နှင့် ထိုက် တန်ကြောင်း ပြသရန်အတွက် ယင်းသင် တန်းများ အား ဒီဇင်ဘာ ပထမပတ်တွင် စတင်အကောင်ထည်ဖော်မည် ဖြစ်ပြီး ယင်းစီမံကိန်းအကောင် အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက် အချိန်အားဖြင့် တစ်နှစ် ကြာမည် ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)မှ အတွင်းရေး မှူး ဦးကျော်မင်းဆွေက ''မီဒီယာ လွတ်လပ်ခွင့်ပေး လိုက်တဲ့ အခါမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး ရေးသား မှုတွေရှိလာတယ်။ ဒီလိုတွေရှိလာ တဲ့အခါကြတော့ အစိုးရ အနေနဲ့ ရော သဘော ထား တင်းမာတဲ့သူ တွေအနေနဲ့ရော အထူးသဖြင့် ပြန် ကြားရေး ဝန်ကြီးဌာနအနေနဲ့ရော လွှတ်တော်ကို သွားပြီးတွေ့တယ် မို့လား။ မီဒီယာလွတ်လပ်ခွင့်ပေး လိုက်ရင် ဒီလိုမျိုးတွေရေး လို့ အ တိုင်းတာတစ်ခုထိ ချုပ်ကိုင်ထား ရတာပါဆိုတဲ့ သွေးထိုး စကား (လော်ဘီ)လုပ်မှာ သိပ်စိုး တယ်။ မြန်မာသတင်းသမားတွေက လွတ် လပ်ခွင့်နဲ့ မထိုက်တန်သေးဘူးလို့ ပြောမှာစိုးတယ်''ဟု ပြော သည်။

ယင်းကဲ့သို့ပြောဆိုမှုများ မဖြစ်အောင် မြန်မာမီဒီယာသမား များသည် သတင်းလွတ်လပ်ခွင့် နှင့်ထိုက် တန်သည်ဟု ပြနိုင်ရန် အတွက် ယခုကဲ့သို့အရည်အချင်း များမြှင့်တင်ပေးရာတွင် မီဒီယာ ကျင့်ဝတ်အား ရှုထောင့်တစ်ခုအ နေဖြင့်ရွေး ချယ်ခဲ့ ခြင်းပြီး စာနယ် ဇင်းကောင်စီ(ယာယီ)မှ အသိအ မှတ်ပြုသည့် မီဒီယာသင်တန်းများ လည်း လုပ်ဆောင်ပေးရန်ရည်ရွယ် ချက်များရှိကြောင်း ယင်းက ဆို သည်။ ယင်းစီမံကိန်းအား ရန်ကုန် တွင် ပထမဆုံးစတင်ဆောင်ရွက် မည်ဖြစ် ပြီး အခြားသောမြို့ပြကြီး များတွင်လည်း ယင်းတို့၏နီးစပ် သည့်ဒေသများမှ သတင်းထောက် များအား သိရှိရန်နှင့် ယင်းတို့၏အခက်ခဲများအား နားထောင်ရန် အတွက် သင့်လျော်သည့်မြို့ကြီး များတွင် စုရပ်ဖြင့်ထားရှိ၍ဆောင် ရွက်မှု များ ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ယင်းကဲ့သို့ပြုလုပ်ရာတွင် MJA, MJU, MJN  စသည့်အဖွဲ့ သုံးဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ)ဥက္ကဋ္ဌ ဦးခင်မောင်အေး က ''အခုလို အားလုံးလက်ခံနိုင် မယ့် ကျင့်ဝတ်စည်းကမ်းတစ်ခုဖြစ် ပေါ်လာအောင် အစပျိုးနိုင်မယ့် လုပ်ငန်းစဉ်တစ်ခု စတင်နိုင်လိုက် ခြင်းက မြန်မာစာနယ်ဇင်းလောက အတွက် အရေးပါပြီး လိုအပ်နေ တဲ့ကိစ္စတစ်ခု ဆောင်ရွက်လိုက် ခြင်းဖြစ်တယ်။ စာနယ်ဇင်းနဲ့သက် ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက် မှ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ ကျင့်ဝတ်တစ်ခု ပေါ်ထွက်လာမှာ ဖြစ်တယ်''ဟု ပြောသည်။

အောင်သူ(ဒေးဒရဲ)
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်