ယခုနှစ်အတွင်းတွင် ဒေါ်လာ (၅)သန်းတန် သုတေသန သင်္ဘောလေးကို ၎င်းပျောက်ဆုံးသွားသည့် နေရာဝန်းကျင်၌ (၉)ရက်ကြာ ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လုံးဝ အစအန ရှာမတွေ့ခဲ့ချေ။
ဂျပန်ရေတပ် အနေဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကတည်းက အဆက်အသွယ် ပြတ်တောက်သွားသည့် သုတေသန ရေငုပ်သင်္ဘောလေး တစ်စင်းကို လက်လွှတ် ဆုံးရှုံးခံလိုက်ရပြီဟု ဝန်ခံ ပြောကြားခဲ့သည်။ ယခုနှစ်အတွင်းတွင် ဒေါ်လာ (၅)သန်းတန် သုတေသန သင်္ဘောလေးကို ၎င်းပျောက်ဆုံးသွားသည့် နေရာဝန်းကျင်၌ (၉)ရက်ကြာ ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လုံးဝ အစအန ရှာမတွေ့ခဲ့ချေ။ ရေအောက်ကြမ်းပြင် တစ်နေရာတွင် နစ်မြုပ်နေသည်ဟု ယူဆရသော မောင်းသူမဲ့ ရေငုပ်သင်္ဘောလေးအား မိမိတို့ လက်လွှတ်လိုက်ရပြီဟု ယူဆကြောင်း ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဝေးထိန်း စနစ်ဖြင့် မောင်းနှင်သော သင်္ဘောလေးသည် ဆူဂါရူ ရေလက်ကြားနှင့် ဂျပန်ပင်မကုန်းမြေကြား ရေပြင်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ဟွန်ရှူးကျွန်းမှ ဟော်ကိုင်ဒိုသို့ ဦးတည်သွားလာနေစဉ် နိုဝင်ဘာလက အဆက်အသွယ် ပြတ်တောက်သွားသော ရေယာဉ်လေးကို ပိုက်စိပ်တိုက် ရှာဖွေသော်လည်း ပြန်မတွေ့ဟု ကာကွယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ "အဲဒီ ရေငုပ်သင်္ဘောလေးက ရေအောက်ကြမ်းပြင် အခြေအနေ၊ ရေစီးကြောင်းတွေနဲ့ အပူချိန်ကို လေ့လာတိုင်းတာဖို့ အသုံးပြုတာပါ"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းရေငုပ်သင်္ဘောလေးသည် (၃)မီတာရှည်ပြီး (၂)မီတာ အကျယ်ရှိကာ (၅)တန်မျှ အလေးချိန်စီးသည်။ ၎င်းသည် ရေပေါ်ရှိ ပင်မထိန်းချုပ်ရေး သင်္ဘောနှင့် အဆက်အသွယ် ပြတ်သွားပြီးကတည်းက စုပ်စမြုပ်စ ပျောက်ကွယ်သွားခြင်းဟု သိရသည်။
From: Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment