Wednesday, January 29, 2014

လုံခြုံရေးကြောင့် မာလာလာ စာအုပ်ရောင်းပွဲ ဖျက်သိမ်းလိုက်ရ

Posted by drmyochit Wednesday, January 29, 2014, under | No comments



ကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံက ဆက်ကျော်သက်အရွယ် Malala Yousafzai ရဲ့ အတ္တုပတ္တိ စာအုပ်ရောင်း
ချပွဲမှာ လုံခြုံရေးမပေးတဲ့အတွက် စာအုပ်ရောင်းချပွဲ ဖျက်သိမ်းလိုက်ရ
ပါတယ်။

အသက် ၁၄ နှစ်အရွယ် မာလာလာဟာ ကလေးငယ်တွေ ကျောင်းတက်တဲ့ အခွင့်အရေးရရှိဖို့ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ်တုန်းက တာလီဘန်အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။

အသက်မသေတဲ့ မာလာလာဟာ ခုအခါမှာ အသက် ၁၆ နှစ်ရှိပြီ ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ စာသင်ခန်းထဲကတဆင့် ကလေးငယ်တွေ စာသင်ခွင့်ရဖို့ ကြိုးစားခဲ့တာတွေ၊ နောက်ပိုင်း နယ်တွေသွားပြီး လုပ်ဆောင်ခဲ့ရတာတွေ၊ သူလုပ်ကြံခံရမှုတွေနဲ့ နောက်ပိုင်းမှာ အောင်မြင်မှု ရလာတဲ့အကြောင်းတွေကို ရေးသားထားတဲ့ I Am Malala ကျမ မာလာလာ ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

တက္ကသိုလ်တစ်ခုမှာ ပြုလုပ်တဲ့ စာအုပ်ရောင်းချပွဲမှာ မာလာလာ ကိုယ်တိုင် တက်ရောက်တာ မလုပ်ပေမယ့် ရဲတွေက လုံခြုံရေးမပေးနိုင်ဘူးလို့
ငြင်းဆိုပြီးနောက် စာအုပ်ရောင်းပွဲ ဖျက်သိမ်းလိုက်ရပါတယ်။

ပြည်နယ်အစိုးရရဲ့ ဖိအားပေးမှု၊ တက္ကသိုလ်အရာရှိတွေရဲ့ ဖိအားပေးမှုတွေကြောင့် ရဲတွေက လုံခြုံရေးပေးဖို့ ငြင်းဆိုတာဖြစ်တယ်လို့ သိရပါတယ်။

မာလာလာ စာအုပ်ရောင်းချဖို့ တာဝန်ယူတဲ့ ပုဂ္ဂိုလ်ကတော့ အာဏာပိုင်တွေက တာလီဘန်ကို အမျက်ဒေါသ မထွက်စေတဲ့အတွက် ခုလို လုပ်ဆောင်တာလို့ စွပ်စွဲလိုက်ပြီး စာအုပ်ရောင်းချပွဲကို နောက်ပိုင်းမှာ လုပ်သွားမယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေကလည်း လုံခြုံရေးအရ စိုးရိမ်ရသလို တခြားအကြောင်းရင်းတွေလည်း ပါဝင်တယ်လို့ တုန့်ပြန်ထားပါတယ်။

တချို့ကလည်း အမေရိကန်က ထောက်ပံ့ကြေးတွေ ပိုရအောင် စာအုပ်ကို ဘန်းပြရောင်းချတာလို့ ပြောဆိုနေပါတယ်။

မာလာလာကို ကမ္ဘာတဝှမ်းလုံးက လူတွေ ချစ်ခင် အားပေးကြပေမယ့် ပါကစ္စတန်နိုင်ငံမှာတော့ သူ့အပေါ် ချစ်ခင်သူရှိသလို မုန်းတီးမှုတွေလည်း ရှိပါတယ်။ တချို့ကတော့ မာလာလာရဲ့ အယူဝါဒဟာ အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်သလို ပါကစ္စတန် ဥပဒေနဲ့လည်း ဆန့်ကျင်တယ်လို့ ပြောဆိုနေကြ
ပါတယ်။

ABC Radio

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်