Wednesday, January 29, 2014

ခုခေတ်မှာ အချစ်ဆိုတာ ဖူးစာမဟုတ်တော့ပဲ ဦးရာ ဖြစ်သွားပြီလို့ ဆိုလိုက်တဲ့ ထွန်းကိုကို

Posted by drmyochit Wednesday, January 29, 2014, under | No comments

ထွန်းကိုကိုလို့ဆိုလိုက်တာနဲ့ ဆယ်ကျော်သက် ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ လက်ရှိ မှာကြော်ငြာတွေ၊ ဇာတ်ကားတွေနဲ့ သူတတ်နိုင်တဲ့ ဘက်က သူ့အနုပညာကို ဖန်တီးပြသနေတဲ့ ထွန်း ကိုကိုနဲ့ ပွဲတစ်ခုမှာ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုကို မေးကြည့်တဲ့အခါ ‘အခုရိုက်ထားတာက နွံထဲမနစ်တဲ့နွံနစ်ကြာတဲ့။ ဒါရိုက်တာက မလိခစိုးထိုက်အောင်၊ မင်းသမီး ကအေးမြတ်သူပါ။ ဒရာမာကားလေးပါ။’လို့ သူက ပြောပါတယ်။

လာမဲ့ချစ်သူများနေ့မှာ ဘာမှထွေထွေထူးထူး စီစဉ်ထားတာ မရှိတဲ့အကြောင်း သူက ဖွင့်ဟလာတာမို့ အချစ်အကြောင်းလေးပါ ထပ်မေးကြည့်လိုက်တဲ့အခါ သူက ‘ချစ်သူမျးနေ့မှာ ကျွန်တော် အဘိဓမ္မာ စာမေးပွဲဖြေနေရမယ် ထင်ပါတယ်။ အရင်နှစ်တွေကလဲ ဘာမှမထူးခြားပါဘူး။ ဒီလိုပါပဲ။ ပွဲတွေနဲ့ပဲ အချိန်ကုန်ပါတယ်။ လက်ဆောင်ထွေထွေထူးထူး မရဖူးပါဘူး။ သူများရတဲ့ဟာတွေပဲ ကပ်စားပါတယ်။ ကိုယ်ကလဲမပေးဖူးပါဘူ။ ဒီနှစ်လဲဒီလိုပါပဲ။ ပေးဖို့အစီအစဉ်မရှိပါဘူး။ ရရင်တော့ စားမယ်ပေါ့။ အချစ်ဆိုတာက အဓိပါယ်ဖွင့်ပြလို့မရအောင် ဆန်းကြယ်တဲ့အရာပေါ့။ ကျွန်တော်လဲ မဖွင့်တတ်ပါဘူး။ မိဘတွေကတော့အနဲနဲ့ အများတော့ စိတ်ပူတာပေါ့နော်။ ရည်းစားထားမှာကို စိတ်ပူတယ်။ ကိုယ်ကလဲ တစ်ယောက်တည်း အငယ်ဆုံးလဲ ဆိုတော့လေ။ ဒါပေမဲ့လဲ သင့်တော်တဲ့သူနဲ့တော့ ဖြစ်စေချင်တာပေါ့နော်။ ကိုယ်ချစ်တဲ့သူကိုပဲ ရွေးခိုင်းတာပါ။ မိဘနဲ့လဲအဆင်ပြေ၊ ကိုယ်နဲ့လဲ အဆင်ပြေပေါ့နော်။ ငယ်ငယ်တုန်းက နားလည်ထားတာက အချစ်ဆိုတာဖူးစာပေါ့နော်။ အခုက ဦးရာဖြစ်သွားပြီ။ ရွေးချယ်ရင်တော့ မိန်းမပီသရမယ်။ မြန်မာဆန်ရမယ်။ အိမ်တွင်းမှုနိုင်ရမယ်။ ဒီ၂၀၁၄ မှာယူမဲ့သူတွေကိုတော့ ၀မ်းသာပါတယ်။၂၀၁၄ ထဲမှာတော့ ကျွန်တော့်ဇာတ်ကားလေးတွေ ထွက်ဖို့ရှိပါတယ်’တဲ့။

Trend Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်