Wednesday, January 29, 2014

ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း

Posted by drmyochit Wednesday, January 29, 2014, under | No comments


တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင် ထား ပါ တယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

တရုတ်လူမျိုး ဂိမ်မာ လူငယ် အမျိုးသမီနဲ့ အမျိုးသားတို့ဟာ အွန်လိုင်းဂိမ်း တစ်ခုမှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြ ပါတယ်။ ပြီးတော့ ဂိမ်းဆိုင်တစ်ခုမှာ ချိန်းတွေ့ ဂိမ်းအတူဆော့ရင်း ချစ်ကြိုက်သွားပါတယ်။ ပြီးတော့ အိမ်ထောင်ပြု နေထိုင်ကြပြီး အသက် ၂၁ နှစ် မပြည့်သေးတဲ့ လူငယ် ဇနီးမောင်နှံနှစ်ဦးက ပထမဆုံး သားဦးမွေး ပါတယ်။ သားဦး အသက် လပိုင်းပဲ ရှိနေသေးချိန်မှာ အိမ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး ဂိမ်းသွားဆော့ တဲ့အထိ ဂိမ်းစွဲခဲ့ကြပါတယ်။ ဒုတိယမြောက် သမီးမွေးလာချိန် ငွေကြေး အဆင် မပြေတဲ့ ဇနီးမောင်နှံဟာ ဒုတိယ သမီးကို ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ အောက်သာ ရရှိခဲ့ ပါတယ်။ ယင်းငွေကို ဂိမ်း အတွက် အသုံးပြုပြီး ဆော့တာ အချိန်မကြာပဲ ကုန်သွား ပါတယ်။

ဒီတော့ ဂိမ်းအတွက် ကလေးရောင်းလို့ ငွေရှာနိုင်တာ သိတော့ သားဖြစ်သူ ကို အမေရိကန်ဒေါ်လာ ၄၆၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ ပါတယ်။ အဲဒီငွေကုန် သွားချိန်မှာတော့ နောက်ထပ် သားတစ်ယောက်ကိုမွေးပြီး ဈေးကြီးရောင်းချ ခဲ့ပါတယ်။ နောက်ဆုံး ကလေး ဖြစ်သူကို ရောင်းချလိုက်ချိန်မှာ ၎င်းတို့ မိဘ ဖြစ်သူတို့ သိရှိ တွေ့ရှိ လိုက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြား ပြစ်ဒဏ် ချမှတ် စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်