Wednesday, January 29, 2014

Air KBZ ပိုင်လေယာဉ် ဘီးအပူချိန်လွန်ကဲ၍ မီးခိုးများ ထွက်မှုဖြစ်ပွား

Posted by drmyochit Wednesday, January 29, 2014, under | No comments


ရန်ကုန် ဇန်နဝါရီ ၂၈

Air KBZ လေယာဉ်တစ်စီးသည် လေယာဉ်တစ်စင်းသည် ယနေ့ နံနက် ၈ နာရီခန့်က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေ ဆိပ်မှ ခရီးစဉ် ထွက်ခွာစဉ်ပြေးလမ်းပေါ်၌ လေယာဉ် Technical Error ကြောင့် လေယာဉ်ပြန် လည်ရပ် တန့်ချိန်တွင် လေယာဉ်ဘီး အပူချိန်လွန်ကဲ၍ မီးခိုင်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီ ၅၁ မိနစ်ခန့်တွင် ခရီးစဉ်အမှတ် K၇-၂၆၆ ရန်ကုန်-ဟဲဟိုး-မန္တလေး-ဟဲဟိုး - ရန်ကုန်ခရီးစဉ်တွင် ခရီးသည် ၆၅ ဦး လိုက်ပါသည့် Air KBZ မှ လေယာဉ်သည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်လေယာဉ် Parking မှ ထွက်ခွာစဉ် လေယာဉ်ပြေး လမ်းပေါ်အရောက်တွင် Technical Error ကြောင့် လေယာဉ် Parking သို့ ပြန်လည်မောင်းနှင်ပြီး ရပ်တန့်ချိန်တွင် လေယာဉ်ဘီးအ ပူချိန် လွန်ကဲ၍ မီးခိုးများ ထွက်လာပြီး လေယာဉ်ဝန်ထမ်းများက မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီး သည်များအားလုံး ထိခိုက်မှုမရှိဘဲ လေယာဉ်ပေါ် မှဆင်း သက် နိုင်ခဲ့ပြီး Air KBZ မှ လေယာဉ်တစ်စင်းဖြင့် ခရီးသည်အား လုံးအား ခရီးစဉ်ပြန် လည်ပြေး ဆွဲပေး ခဲ့ကြောင်းသိရသည်။

Air KBZ “ကျွန်တော်တို့ Air KBZ ပိုင် လေယာဉ်တွေနဲ့ပတ်သက်ပြီး Safety အပိုင်းကို အပြည့် အဝဆောင် ရွက်ထား ပါတယ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ချမှတ်တဲ့မူအတိုင်း လိုက်နာဆောင်ရွက်နေပါတယ်” ဟု ပြောပြ ခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်