Thursday, May 22, 2014

ညီအစ်ကိုချင်း ရန်ဖြစ်စဉ် ညီမရိုက်၍ တစ်ဦးသေဆုံး

Posted by drmyochit Thursday, May 22, 2014, under | No comments

ရန်ကုန်၊ မေ ၁၆

ညီအစ်ကိုနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို အမေဖြစ် သူမှ ဝင်ရောက်ဖျန်ဖြေပေးနေစဉ် ညီမ ဖြစ်သူမှ အစ်ကိုဖြစ်သူအား သစ်သား ပိုင်းဖြင့် ဝင်ရိုက်သဖြင့် အစ်ကိုဖြစ်သူမှာ အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံး ခဲ့မှု သုံးခွတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၁၃ ရက်က သုံးခွမြို့နယ် (၁)ရပ်ကွက် အနော်ရထာလမ်းရှိ မိခင် ဖြစ်သူ၏နေအိမ်တွင် နေလင်းအောင် ၃၈ နှစ်နှင့် ညီဖြစ်သူ စိုးမင်းအောင်အား ကွမ်း ယာဝယ်ခိုင်းသည့်ကိစ္စဖြင့် နေအိမ်ရှေ့ ခန်းတွင် တစ်ယောက်တစ်ခွန်း စကား များရန်ဖြစ်နေသည့်အတွက် မိခင်ဖြစ်သူ မှ ဝင်ရောက်ဖျန်ဖြေနေစဉ် အတူနေသမီး ဖြစ်သူ မအိအိထွန်း ၂၈ နှစ်မှ အရှည် ၂ ပေ ကျော်ရှည်သော ၃ လက်မ x ၁ လက်မခွဲ သစ်သားပိုင်းကို ကိုင်ဆောင်၍ နေအိမ်ရှေ့သို့ တက်လာပြီး အစ်ကိုဖြစ် သူ နေလင်းအောင်၏ဦးခေါင်းအား နှစ် ချက်ရိုက်လိုက်ရာ နောက်စေ့ပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှုခင်းမှတ်တမ်းအရ သိရသည်။
ယင်းသို့ သားဖြစ်သူသေဆုံး သွားသဖြင့် သမီးဖြစ်သူ မအိအိထွန်းအား အရေးယူပေးပါရန် မိခင်ဖြစ်သူမှ တိုင် တန်းသဖြင့် သုံးခွမြို့မရဲစခန်းမှ (ပ)၁၈၆/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် မေ ၁၃ ရက်တွင် အမှုဖွင့်ပြီး တရားခံအား ဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်