Thursday, May 22, 2014

ဆယ်နှစ်ကျော်ကြာပြန်ပေးဆွဲခံထားရသောအမျိုးသမီး

Posted by drmyochit Thursday, May 22, 2014, under | No comments

ကယ်လီဖိုနီးယားပြည်နယ်တွင် ၁၅နှစ်အရွယ်ထဲ ကပြန်ပေးဆွဲခံထားရပြီး ယခုလွတ်မြောက်လာချိန်တွင် အသက်၂၅နှစ်ရှိသူအမျိုးသမီးသည် သူမ၏ဖြစ်စဉ်များကို ရဲဌာနအားအကြောင်းကြားပြီး၊ ပြစ်မှုကျုးလွန်ခံခဲ့ရသည် များကိုထုတ်ဖော်ပြောကြားခဲ့သည်။ သူမသည်ပြန်ပေးဆွဲ ခံရသည့်အပြင် လိင်မှုဆိုင်ရာကျူးးလွန်မှုများ၊ စိတ်ပိုင်း ဆိုင်ရာစော်ကားမှုများ၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု များကိုခံခဲ့ရသည်။ ပြစ်မှုကျူးလွန်သူမှာအသက် ၄၁နှစ်အရွယ် ဂါဆီယာဟုခေါ်သည်။ သူမသည်ထိုသူနှင့်ကလေးတစ်ယောက်ထွန်းကားခဲ့သည်ဟုလည်းထွက်ဆိုသည်။

၂၀၀၄ ခုနှစ်အတွင်း ပြစ်မှုကျုးလွန်သူ ဂါဆီယာနှင့်ပြစ်မှုကျုးလွန်ခဲ့ရသူ မိန်းကလေး၏မိခင်တို့ မှာ ချစ်သူရည်းစားများဖြစ်ကြပြီး အိမ်တစ်အိမ်တွင် အတူနေထိုင်ကြသူများဖြစ်သည်။ အတူနေထိုင်ကြစဉ်အတွင်း မိခင်မှာသူမ၏သမီးကို သူမ၏ရည်းစားမှလိင်မှုဆိုင်ရာစော်ကားမှုရှိနေပြီဟု သကာင်္မကင်းဖြစ်ရာမှ ဂါဆီယာမှာ ထိုမိန်းကလေးကို ဂျွန်လ ၂၀၀၄ခုနှစ်တွင်တပါးတည်း အိမ်ကထွက်ပြေးကာခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်မိန်းကလေး၏အသက်မှာ ၁၅နှစ်ဖြစ်သည်။

ဖမ်းဆီးခေါ်သွားခဲ့ပြီး ဂါဆီယား၏နေအိမ်ရှိ ကားဂိုထောင်တွင်ချုပ်နောင်ထားခြင်းခံရသည်။ ၂၀၀၇ခုနှစ်တွင်အတင်းအကျပ်လက်ထပ်ခံရပြီး ၂၀၁၂ခုနှစ်တွင် ကလေးတစ်ယောက်ထွန်းကား ခဲ့သည်ဟုတာဝန်ရှိရဲများကိုထွက်ဆိုထားသည်။

အဆိုပါပြစ်မှုများကြောင့် ဂါဆီယား ကိုဖမ်းချုပ်ထားသော်လည်း ပြစ်မှုအမိန့် ချမှတ်ထားခြင်းမရှိသေးပေ။တရားခံသည် သူ၏အပြစ်မှသက်သာစေရန် ရှေ့ နေဌားရမ်းထားသည်ကိုလည်းသိရှိရပါသည်။

Ref: Yahoo
World Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်