ဟောင်ကောင် ၊ ၂၂-၅-၂၀၁၄
ဗီယက်နမ် နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတွင်း ၄င်း နိုင်ငံတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု၌ အလုပ်လုပ် နေသည့် မိမိတို့ ကုမ္ပဏီ၏ အလုပ်သမား ၄ ဦး သေဆုံး ခဲ့ရပြီး စုစုပေါင်း ၁၂၆ ဦး ဒဏ်ရာ ရရှိခဲ့သည် ဟု မေလ ၂၁ ရက်တွင် တရုတ်နိုင်ငံ၏ ဓာတ်သတ္ထု ကော်ပိုရေးရှင်း ကုမ္ပဏီ လီမိတက် ( MCC ) က ထုတ်ပြန် ပြောကြား ခဲ့သည်။
ဗီယက်နမ် နိုင်ငံတွင်းရှိ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှု များသည် အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်း၌ တရုတ်တို့က ရေနံတူးစင် ဆောက်လုပ်ခဲ့ခြင်း မှ စတင်ခဲ့သည် ဟု သိရသည်။ ဗီယက်နမ် နိုင်ငံသား ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် မေလ ၁၄ ရက်က ၄င်းတို့ နိုင်ငံအတွင်း ရှိ Formosa Plastics, Ha Tinh သံမဏိစက်ရုံ ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အပါအ၀င် ပြည်ပ လုပ်ငန်းခွင် များစွာကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ် ခဲ့ကြကြောင်း ၊ အဆိုပါ သံမဏိ စက်ရုံတွင် မိမိတို့၏ အလုပ်သမား အချို့ လုပ်ငန်းခွင် ၀င်နေခဲ့ကြောင်း MCC က ထုတ်ပြန် ပြောကြားသည်။
ဗီယက်နမ် ဆန္ဒပြ သူမျာ ဖျက်ဆီးခဲ့သည့် ကုမ္ပဏီများတွင် တရုတ် (တိုင်ပေ) ၏ Formosa Plastics, Ha Tinh သံမဏိ စက်ရုံသည် ထိခိုက် နစ်နာမှု အကြီးမားဆုံး ဖြစ်ခဲ့ရကြောင်း ၊ ကုမ္ပဏီတွင် လုပ်ငန်းခွင် ၀င်နေကြသော အလုပ်သမား ၃၅၀၅ ဦး၏ လုံခြုံရေး နှင့် အသက် ရှင်သန်မှု တို့မှာ ခြိမ်းခြောက်ခံ ခဲ့ရကြောင်း Formosa Plastics, Ha Tinh စက်ရုံမှ ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။
PyiChitThar
Time in Rangoon


0 comments:
Post a Comment