Tuesday, June 10, 2014

သရဖူ စွန့်လိုက်ရတဲ့ ထိုင်း အလှမယ်

Posted by drmyochit Tuesday, June 10, 2014, under | No comments

ထိုင်းနိုင်ငံက ၂ဝ၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် မစ္စ ဝေလူရီ ဖိုင် Weluree Fai ဟာ ထိုင်း လူမှု ကွန်ရက်တွေက သရဖူနဲ့ မထိုက်တန်ဘူးဆိုတဲ့ သူ့ကို အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန် တိုက် ခိုက်မှုတွေကြောင့် သရဖူကို စွန့်လွှန့် လိုက်ပါတယ်။

ထိုင်း မစ္စယူနီဗာ့စ် ၂ဝ၁၄ သရဖူဆုရှင် မစ္စ ဖိုင်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဘန်ကောက်ဟိုတယ်မှာ အကျဉ်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလှမယ် ဖိုင်ဟာ မျက်ရည်စက် လက်နဲ့ အခုလို သရဖူကို ခြွင်းချက်မဲ့ ပြန်လည် အပ်နှင်တာဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာဖြစ် တယ် လို့ ပြောသွား ပါတယ်။
အလှမယ်သရဖူဆောင်းခဲ့ရစဉ်က ပျော်ရွှင်ခဲ့ရပေမယ့် ထိုင်း လူမှု ကွန်ရက်တွေက အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန်တိုက်ခိုက်ရေးသားမှုတွေကြောင့် မစ္စ ဖိုင်နဲ့ သူ့ မိသားစုဝင်တွေပါ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရတာလို့ လည်း ဆို ပါတယ်။ တချို့ဝေဖန်မှုတွေက သူဟာ ဗိုက်နဲ့ ပေါင်တံမှာ အဆီရှိတယ်ဆိုပြီး တိရိစ္ဆာန်နဲ့ နှိုင်းကာ အလှမယ်ဆိုတာ ဒီလို အဆီတဝင်းဝင်းနဲ့ ဝတုတ်မ ဖြစ်တယ် စသဖြင့် ဝေဖန်ပြစ်တင်တာမျိုးလည်း ပါဝင်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တချိန်က တီဗွီအစီအစဉ်ကြေညာသူလည်း ဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ မစ္စ ဖိုင်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလလောက်က သူ့ရဲ့ တွစ်တာနဲ့ ဖေ့စ်ဘုတ် အကောင့်တွေကနေ ရှပ်နီ အုပ်စုတွေကို ပြင်း ထန်တဲ့ ဝေဖန်စာသားတွေနဲ့မှတ်ချက်တွေ ရေးခဲ့ဖူးပါတယ်။

ဒါကြောင့် အခုနှစ်အတွက် Miss Universe Thailand 2014 အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံး အလှမယ် သရဖူ ဆု ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က အောင်မြင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ အတော်ပဲ ပွဲဆူခဲ့တာပါ။

အဲဒီတုန်းက First Runner Up ဆုနဲ့ သာ နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့ Ellie ကို ပရိသတ်က သရဖူရမယ်လို့
မျှော်လင့် ထားခဲ့ပြီး မစ္စဖိုင်က သရဖူရခဲ့တာကို အတော်အံ့အားသင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်  မေလ ၁၉ ရက်နေ့တုန်းကတော့ မစ္စ ဖိုင်ဟာ ဖေ့စ်ဘုတ်နဲ့ တွစ်တာတွေကနေ အဲဒီတုန်းက မစ္စယင်လတ်အစိုးရ ကို ထောက်ခံတဲ့ ရှပ်နီတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိတာ ကို လူသိရှင်ကြားတောင်း ပန်ခဲ့ပါတယ်။

အခြေခံ လူတန်းစား ရှပ်နီတွေက သူတို့ကို ဝေဖန်ပြစ်တင်တဲ့ သူဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုတဲ့ အလှမယ်မဖြစ်သင့်ဘူးလို့ ဝေဖန်ရှုံချကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးပါတယ်။



အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်