Tuesday, June 03, 2014

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ

Posted by drmyochit Tuesday, June 03, 2014, under | No comments

ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့် မကြာခဏစွန့်ပစ်လေ့ရှိကြသည်။

ကြက်သွန်နီအခွံ



သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့်အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။

အသားကင်များကဲ့သို့ အသားများကို အပူရှိန်ပြင်းပြင်းသုံး၍ ချက်ပြုတ်စဉ် ဖြစ်ပေါ်သည့် ကင်ဆာဖြစ်စေနိုင်သောအရာများ (carcinogen) ပမာဏကို အသားချက်ရာတွင် ကြက်သွန်နီထည့်ချက်ခြင်းဖြင့် လျော့ကျနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားသည်။ ကြက်သွန်နီ အခွံထည့်ချက်ထားသောအစားအသောက်ကိုမစားမီ ကြမ်းတမ်းသော ကြက်သွန်နီခွံများကို ဖယ်ပစ်ပါ။

ကြက်သွန်နီအခွံကို ငါး၊ အသားအရိုးပြုတ်၊ စွပ်ပြုတ်၊ ပြုတ်ချက်ချက်ရာတွင် ထည့်ချက်နိုင်ပြီး မစားမီအခွံကို ဖယ်ရှားပစ်ပါ။

ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံ

ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံများတွင် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေးလည်ပတ်မှုကိုအားကောင်းစေသည့် အမိုင်နို အက်စစ်ကြွယ်ဝစွာပါဝင်သည်။ ဖရဲသီးအခွံ (သို့မဟုတ်)သခွားမသီးအခွံများကို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု မမှန်ခြင်းနှင့် သွေးအားနည်း ရောဂါတို့ကဲ့သို့ ရောဂါများအတွက် အမျိုးမျိုးအသုံးပြုနိုင်သည်။

ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံမှ အသားများကို ထုတ်ယူကာ မွှေစက်နှင့် ရောမွှေပြီး စားကောင်းအောင်ပြင်ဆင်၍ စားသုံးနိုင်သည်။

ပန်းဂေါ်ဖီစိမ်းအရွက်


ပန်းဂေါ်ဖီစိမ်းအရွက်များတွင် ဗီတာမင်အေ ၃၂၀ ရာခိုင်နှုန်းနှင့် ဗီတာမင်စီ ၁၅၅ ရာခိုင်နှုန်းပါဝင်သည်။

ပန်းဂေါ်ဖီစိမ်းအရွက်များကို ဂေါ်ဖီချက်ပြုတ်ကြော်လှော်သကဲ့သို့ ချက်ပြုတ်စားသောက်နိုင်သည်။

မုန်ညင်းရွက်ကဲ့သို့ ဟင်းရွက်စိမ်းအရိုးများတွင် ပရိုတိန်းတွင်ပါဝင်သော အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အဆိပ်ပြေစေသော ဒြပ်ပေါင်းတို့ပါဝင်သဖြင့် အရွက်များကို စားသကဲ့သို့ချက်ပြုတ်စား သုံးသင့်သည်။ ယင်းအရိုးများကို မလွင့်ပစ်ဘဲ ထည့်ချက်၍စားသုံးနိုင်သည်။

လိမ္မော်သီးခွံ

လိမ္မော်သီးခွံတွင် ဖိုက်ဘာဓာတ်ကြွယ်ဝပြီး အဆိပ်ပြယ်စေသော ဒြပ်ပေါင်းနှင့် ဗီတာမင်များပါဝင်သည်။ လိမ္မော်သီးခွံများစားပေးခြင်း ကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာမကြေဖြစ်ခြင်းကို လျော့ကျစေသည်။ လိမ္မော်သီးခွံတွင်ပါဝင်သော ဗီတာမင်စီက ကိုယ်ခံအားမြင့်တက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းသို့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။

လိမ္မော်သီးအခွံ၏ အဆီများကို ဘက်တီးရီးယားကာကွယ်နိုင်သော သန့်ရှင်းရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ကာ အင်းဆက်ပိုးမွှားများကို မောင်းနှင်ရာ၌လည်း အသုံးပြုနိုင်သည်။ သွားများဖြူဖွေးစေရန်လည်း လိမ္မော်သီးခွံကို အသုံးပြုနိုင်သည်။ လိမ္မော်သီးအခွံအောက်ဘက်ရှိ အဖြူ ရောင်ဖော့သားများတွင် သကြားနှင့်တူသော ဓာတ်တစ်မျိုးနှင့် အခြားဖိုက်ဘာဓာတ်များပါဝင်သည်။ လိမ္မော်သီးခွံစားပေးခြင်းဖြင့် ဆာလောင်မှုကိုလျှော့ချနိုင်ကာ လေးနာရီအထိ အစာမစားဘဲနေနိုင်သည်။

ဖော့သား၊ အူတိုင်တို့အပါအဝင် လိမ္မော်သီးတစ်လုံးလုံးကို အရသာရှိအောင်ပြင်ဆင်စားသုံးနိုင်သည်။

—Ref: Internet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်