လပ်က်နောင်း (အိန္ဒိယ)
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်း ညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘာရိုင်လီမြို့အနီးမှ အစ်ထ်ပူရရွာတွင် ပြန်လည်တွေ့ရှိခဲ့သည့် သေဆုံးသူ အမျိုးသမီး ရုပ်အလောင်းမှာ အသက် (၂၂) နှစ်ခန့်ရှိသည်ဟု ယူဆရပြီး သေဆုံးသူ၏ မျက်နှာကိုအက်စစ်၊ ဓာတ်ဆီ များဖြင့် လောင်းပက်ထားမှုကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်ရန် ဖျက်ဆီး ထားကြောင်း ထင်ရှားသည်။
တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရ သေဆုံးသူအမျိုးသမီးအား အုပ်စုလိုက်စော် ကားပြီး အက်စစ်များ အတင်းအကျပ်သောက်ခိုင်းကာ လည်ပင်းညှစ် သတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအမှုဖြစ်ပွားသည့် နေရာမှာ ပြီးခဲ့သည့် အပတ်အတွင်း ၀မ်းကွဲညီအစ်မနှစ်ဦး အုပ်စုလိုက် အဓမ္မပြုကျင့်ခံရပြီး သစ်ပင်တွင် ချိတ်ဆွဲသတ်ဖြတ်ခံရသည့်ရွာနှင့် မိုင် ၆၀ ကွာဝေးသည့် တစ်ပြည်နယ်တည်း တွင်ရှိသည်။
ထိုဖြစ်ရပ်ကြောင့် တနင်္လာနေ့တွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မြို့တော် လပ်က်နောင်း၌ ပြည်နယ် ၀န်ကြီးချုပ် ရုံးရှေ့၌ ပြည်သူများက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြပြီး ပြည်နယ်အတွင်း မိန်းကလေးငယ်များနှင့် အမျိုးသမီး များအား တိုက်ခိုက်မှုနှင့် လိင်ပိုင်းစော်ကားမှုများ တိုးပွားလာခြင်းကို ချက်ချင်းအရေး ယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ဝန်ကြီးချုပ်ရုံးရှေ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်များဖြင့် ထိုးပက်ကာ လူစုခွဲခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် အခီလက်ရှ်ယာဒတ်က ထိုအဓမ္မမှုဖြစ်စဉ်များကို ဗဟိုအစိုးရအဆင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာမခံထားသော်လည်း ဆန္ဒပြသူများဘက်က ပြည်နယ်အာဏာပိုင်များနှင့် ရဲများ၏ တာဝန်ပေါ့လျော့မှုများနှင့် အမျိုးသမီးထုအပေါ်လုံခြုံရေးစောင့်ရှောက်မှုအားနည်းခြင်းများကို ရှုတ်ချနေသည်။
__Ref : DailyMail
7DAY DAILY
Tuesday, June 03, 2014
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ မျက်နှာကိုအက်စစ်လောင်း ဖျက်ဆီးမှု ဖြစ်ပွား
Posted by drmyochit
Tuesday, June 03, 2014, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon


0 comments:
Post a Comment