Tuesday, June 03, 2014

မင်းပြားမြို့တွင် သွေးလွန်တုပ်ကွေးဖြစ်၊ ကလေးတဦး သေဆုံး

Posted by drmyochit Tuesday, June 03, 2014, under | No comments

မင်းပြားမြို့မှာ မေလ ဆန်းပိုင်း လောက် ကတည်းက သွေးလွန်တုပ်ကွေး စတင်ဖြစ် ပွားနေပြီး ဆေးရုံမှာ နေ့စဉ်လို လူနာတွေ ရောက်လာ နေတယ်လို့ မင်းပြားမြို့ နယ် ဆေးရုံက တာဝန်ကျဆရာမတဦးက ပြောပါတယ်။

အခြေအနဆိုးတဲ့ လူနာတွေကို စစ်တွေ ဆေးရုံဆီ နေ့စဉ်လိုလို ပို့ဆောင် ကုသနေတယ်လို့ ပြောပါတယ်။ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အဖြစ်များနေပြီး ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီနှစ်က အခြေအနေ ပိုဆိုးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တပတ်က အခြေအနေဆိုးတဲ့ ကလေးတဦးကို စစ်တွေကို ပိုချိန် စက်လှေပေါ်မှာ သေဆုံးသွား တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းပြားကနေ စစ်တွေဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးမိဘတဦးကလည်း သူကလေး သက်သာပေမယ့် တခြားကလေးငယ်တွေ မသက်သာသေးဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှာ လည်း မေလဆန်းပိုင်းလောက်က တည်းက သွေးလွန်တုပ်ကွေးဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကညင်ကုန်းနဲ့ ဇီးဖြူရွာ ကျေးရွာအုပ်စုတွေမှာအဖြစ်များတယ်လို့ လပွတ္တာမြို့က နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင် ကိုလှသိန်းက ပြောပါတယ်။

ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေ ရပ်ကွက်တွေမှာ ကျန်းမာရေးဦးစီးဌာနအနေနဲ့ မြက်ရိတ်တာ၊ ခြင်ဆေးဖျန်းတာတွေ အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)


အပြည့်အစုံ အသံဖိုင်နားဆင်ရန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်