ဂျပန်နိုင်ငံရှိ အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်နေရာ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖိုတွင် ကြီးမားသော ရေခဲနံရံတစ်ခု တပ်ဆင်ခြင်း လုပ်ငန်းကို စတင်နေပြီ ဖြစ်သည်။ မြေအောက်တွင် ဧရာမ ရေခဲနံရံကြီးတစ်ခု တပ်ဆင်ခြင်းဖြင့် ရေဒီယို သတ္တိကြွ အဆိပ်သင့် ရေများ ပင်လယ်ထဲသို့ စီးဆင်းနေခြင်းကို တားဆီးနိုင်မည် ဖြစ်သည်။ (၁.၅)ကီလိုမီတာ ရှည်လျားသည့် နံရံကြီးအား မြေအောက်ထဲ ထိုးသွင်းထားသည့် ပိုက်ပေါင်း (၁၅၅၀)ဖြင့် အသုံးပြု တည်ဆောက်မည် ဖြစ်သည်။ ယင်းပိုက်များမှ ထွက်ရှိလာသည့် အအေးငွေ့သည် ပတ်ဝန်းကျင် မြေသားထုနှင့် ရေများကို အေးခဲသွားစေမည်ဟု သိရသည်။
(၂၀၁၁)ခုနှစ်က ငလျင်ကြီး လှုပ်ခတ်ပြီး ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်ခဲ့သည့်နောက် ရေဒီယို သတ္တိကြွမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်ပေါင်းဖိုတွင် တပ်ဆင်မည့် ရေခဲနံရံ၏ တည်နေရာ တွက်ချက်မှုနှင့် ပတ်သက်ပြီး ပညာရှင် အချို့က စိုးရိမ်နေသည်။ ဓာတ်ပေါင်းဖိုကို အဓိက ထိန်းသိမ်း လည်ပတ်သည့် Tepco ကုမ္ပဏီက ဂျပန် နျူကလီးယားစွမ်းအင် လုံခြုံရေး ပညာရှင်များနှင့် ဆွေးနွေးပြီးနောက် ရေခဲနံရံကြီးတစ်ခု တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။
“(၂၀၁၅)ခုနှစ်၊ မတ်လလောက်မှာ အားလုံး အပြီးသတ်နိုင်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ ပြီးရင်တော့ Operationတွေ စမ်းသပ်လုပ်ဆောင်မှု စတင်လာမှာပါ”ဟု Tepco၏ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။ ယခုစီမံကိန်းတွင် အစိုးရက ငွေကြေးကူညီ ထောက်ပံ့ပေးပြီး အနီးပတ်ဝန်းကျင်သို့ အဆိပ်သင့်ရေများ စီးထွက်မှုမှ တားဆီးနိုင်ရန် ရည်ရွယ်ထားသည်။ အမေရိကန်မှ ပညာရှင်များ အပါအဝင် အချို့သော သုတေသီများက ယင်းလုပ်ငန်းစဉ်သည် အမှန်တကယ် အလုပ်ဖြစ်မဖြစ် သံသယဝင်စရာ ရှိနေကြောင်း ထောက်ပြထားကြသည်။
Planet Myanmar Network
Tuesday, June 03, 2014
ဖူကူရှီးမား ဓာတ်ပေါင်းဖိုတွင် မြေအောက်ရေခဲနံရံ တည်ဆောက်မှု စတင်
Posted by drmyochit
Tuesday, June 03, 2014, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon





0 comments:
Post a Comment