Thursday, September 04, 2014

ရဲစခန်းထဲမှာ လူသတ်မှုဖြစ်

Posted by Unknown Thursday, September 04, 2014, under | No comments



“ရဲတွေရှေ့မှာ မင်းမဲ့စရိုက်ဆန်ဆန် မလုပ်လောက်ဘူး ထင်ပြီး တာဝန်မှူးရှေ့မှာ ဖြေရှင်းခိုင်း လိုက်မိတာ၊ သမီးကို ဓားနဲ့ထိုးပြီးပြီးချင်း ဦးကိုပါ ထပ်ထိုးတာ” လို့ အသတ်ခံရသူရဲ့ ဖခင်ဖြစ်သူ ဦးဇော်ဝမ်းက ပြောဆိုတာပါ။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မ ရဲစခန်းမှာ တာဝန်ကျရဲအရာရှိက စစ်ဆေးနေစဉ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က အိမ်ထောင်ကွဲနေတဲ့ ဇနီးမောင်နှံနှစ်ဦး တာဝန်မှူးရှေ့မှာ စစ်ဆေးခံနေစဉ် ခန်ပွန်းက ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တယ်လို့ အဲဒီရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက် သူတို့ ဇနီးမောင်နှံဟာ စကားများကြတဲ့အတွက် ဇနီးဖြစ်သူက တောင်ငူမှာရှိတဲ့ မိဘအိမ်ကို ရောက်လာခဲ့တယ်။ ကျောင်းကိစ္စနဲ့ ညောင်လေးပင် တက္ကသိုလ်သို့ ရောက်ရှိလာစဉ်မှာ ခင်ပွန်းဖြစ်သူက စားသောက်ဆိုင်ကို အတင်းဆွဲခေါ်သွားတာလို့ ဦးဇော်ဝမ်းက ရှင်းပြပါတယ်။
“သမီးက ဖုန်းဆက်ပြောလို့ ဦးတို့က ကားနဲ့ ချက်ချင်း လိုက်သွားတာ၊ သမီးကို ကားနဲ့ပြန်ခေါ်လာတာကို သူ့အမျိုးသားက ကားနောက်က တွယ်ပြီး လိုက်လာတာကြောင့် ရန်ရှာနေမှာစိုးလို့ ညောင်လေးပင်ရဲစခန်းထဲ ကားမောင်းခဲ့တာ” လို့ သူက ဆိုပါတယ်။

ကာယကံရှင် နှစ်ဦးကို တာဝန်ကျ ဒုတိယ ရဲအုပ်က ဖြေရှင်းပေးနေစဉ်မှာပဲ ခင်ပွန်းဖြစ်သူက လွယ်အိတ်ထဲမှာ ဝှက်ပြီး ယူလာတဲ့ အရိုးအသွား ၈လက်မခန့် ရှိတဲ့ ခေါက်ဓားနဲ့ ထိုးလိုက်တာလို့ အဲဒီရဲတပ်ဖွဲ့စခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အမျိုးသမီးကို ညောင်လေးပင် မြို့နယ် ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် အသက်သေဆုံးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ ညောင်လေးပင်မြို့မ ရဲတပ်ဖွဲ့စခန်းမှာ ပုဒ်မ ၃၂၀ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်