Thursday, September 04, 2014

အိန္ဒိယတိုက်ငယ်ထဲ အယ်လ်ကိုင်းဒါး နယ်ချဲ့လာပြီ လို့ ဆို

Posted by drmyochit Thursday, September 04, 2014, under | No comments

ပုံအညွှန်း။ ။ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အယ်လ်ဝါဇာဟရီ 

အိန္ဒိယတိုက်ငယ်ထဲ ၄င်းတို့အဖွဲ့နယ်ချဲ့လာပြီ လို့ အယ်လ်ကိုင်းဒါးအဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇာ ၀ါဟရီ ကကြာသပတေးနေ့ လွှင့် ဗီဒီယိုကြေညာချက်တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။ အယ်လ်ကိုင်းဒါးရဲ့ ဒေသတွင်းအဖွဲ့တစ်ဖွဲ့ ဟာ ရန်သူတွေကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမယ်လို့လည်း ဆိုပါတယ်။

ဒီဒေသထဲမှာ အခြေချဖို့ နှစ်ပေါင်းများစွာပြင်ဆင်လာခဲ့တယ်လို့လည်း သူက အဆိုပါ အွန်လိုင်းဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်ထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါ တို့ကို ရည်ညွှန်း လေ့ရှိတဲ့ အိန္ဒိယတိုက်ငယ်လို့ ဖော်ပြထားပေမယ့် အယ်လ်ဇာဝါဟရီ ရဲ့ ပြောဆိုချက် တွေဟာ အိန္ဒိယနိုင်ငံကို တိုက်ရိုက်ရည်ညွှန်းတယ်လို့ အများက ရှုမြင်ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဟိန္ဒူ ဘာသာဝင်တွေ အဓိကနေထိုင်ရာနိုင်ငံတစ်ခုဖြစ်သလို မွတ်စလင်တွေလည်း အများအပြားရှိတဲ့နိုင်ငံဖြစ်ပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနက်ဆင်းဟာ ကြာသပတေးမနက်က ထိပ်တန်း လုံခြုံရေးနဲ့ ထောက်လှမ်းရေးအရာရှိတွေနဲ့ တွေ့ဆုံပြီး ယင်းခြိမ်းခြောက်အန္တရာယ် အတွက် ဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယအာဏာရပါတီ BJP မှ ပြောခွင့်ရသူတစ်ဦးကတော့ ` သည်ကြေညာချက် ဟာ အထူးစိုးရိမ်စရာတစ်ခုဖြစ်ပေမယ့် ဘာမှမပူပါနဲ့။ ကျနော်တို့မှာ အားကောင်းတဲ့ ဖယ်ဒရယ်အစိုးရ ရှိပါတယ် ´ လို့ ဆိုပါတယ်။

အကဲခတ်တချို့ကတော့ အယ်လ်ဇာဝါဟရီရဲ့ ကြေညာချက်ဟာ ဆီးရီးယားနဲ့ အီရတ်မှာ အခြေစိုက်တဲ့ အစ္စလာမ္မစ်စတိတ် စစ်သွေးကြွအဖွဲ့ ရဲ့ အရှိန်အ၀ါ လွှမ်းမိုးမှု ခံနေရတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ကို ပြန်လည်ဦးမော့လာစေဖို့ အားထုတ်မှုတစ်ခု ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

ဘာသာပြန်... စုပြည့်စုံ
Ref: AP
Kumudra

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်