Thursday, September 04, 2014

ရှင်ကျန်းပြည်နယ်တွင် ဟန်လူမျိုးနှင့် အခြားတိုင်းရင်းသားများ လက်ထပ်လျှင် အစိုးရက ထောက်ပံ့မည်

Posted by drmyochit Thursday, September 04, 2014, under | No comments

ရှင်းကျန်းပြည်နယ်မှ မင်္ဂလာဆောင် တစ်ခု။

ပေကျင်း၊ စက်တင်ဘာ ၎

အစ္စလာမ်မစ် စစ်သွေးကြွများ၏ ထိုးနှက်မှုဒဏ် ခံနေရသော၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ရှင်ကျန်း ပြည်နယ်၏ မြို့တစ်မြို့တွင် စည်းလုံး ညီညွတ်မှု ရရန် လူများစု ဟန်လူမျိုးများနှင့် လူနည်းစု တိုင်းရင်းသား အုပ်စုများ အကြား ထိမ်းမြား လက်ထပ်ပါက ငွေကြေးအပြင် အခြားသော ထောက်ပံ့မှုများ ကိုပါ ပေးအပ်မည်ဟု စက်တင်ဘာ ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုသို့ လူမျိုးစု ကွဲချင်း လက်ထပ်ထိမ်းမြားခဲ့လျှင် နှစ်စဉ် ယွမ် ၁၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၆၂၇) ကို ငါးနှစ် ဆက်တိုက် အထိ ထောက်ပံ့ ချီးမြှင့်သွား မည် ဖြစ်ကြောင်း ရှင့်ကျင်းရှိ ကမ်မိုစီရင်စု အစိုးရက ကြေညာထားသည်။ သို့သော်လည်း ယင်းအဆိုကို လက်မခံသူများကမူ အလုပ်ဖြစ်မည့် အရာမဟုတ်ဆို ကာ ငြင်းဆန် ကန့်ကွက်နေကြသည်။

“ဒီ မူဝါဒကို ဆက်လက် အကောင်ထည် ဖော်သွားမှာပါ”ဟု စီရင်စု အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ် သတင်းစာသို့ ပြော သည်။

လူမျိုးမတူသောစုံတွဲ မိသားစုများကို ယခု မူဝါဒအရ အိမ်ရာ၊ ပညာရေး ထောက်ပံ့ကြေး၊ အလုပ်အကိုင်များနှင့် လူမှုဖူလုံရေး အထောက်အပံ့များ ကိုလည်း ပေးသွား မည် ဖြစ်သည်။ ထို့အပြင် လက်ထပ်ပြီး သုံးနှစ်ကြာမျှ အနည်းဆုံး အိမ်ထောင်သက် ရရှိခဲ့လျှင် အိမ်ရာနှင့် ကျန်းမာရေး စရိတ်ခံစားခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

ယင်းအာမခံ ကြေးများ ရရှိပြီးနောက်တွင်လည်း စုံတွဲ ၉၀ ရာခိုင်နှုန်းတို့သည် ကျန်းမာရေးစရိတ်များကို ဒေသအစိုးရဆီမှ အကျိုးခံစားခွင့် ရနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးဖြစ်သူများလည်း ယင်းစီရင်စုရှိကျောင်းများတွင် အထက်တန်းပညာအခမဲ့ တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ တက္ကသိုလ် တက်ရောက်နိုင် သူများကိုလည်း နှစ်စဉ် ပညာသင်ထောက်ပံ့ကြေး ယွမ် ၅၀၀၀ လည်း ထောက်ပံ့မည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်