Thursday, September 04, 2014

သမ္မတဦးသိန်းစိန် ဂျာမနီဝန်ကြီးချုပ်မာကယ်လ်နှင့်တွေ့

Posted by Unknown Thursday, September 04, 2014, under | No comments



သမ္မတဦးသိန်းစိန်နှင့်ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့ကိုတွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)

ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော မြန်မာသမ္မတဦးသိန်းစိန်နှင့် ဂျာမန်ဝန်ကြီးချုပ်မာကယ်လ်တို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေးထက် နေတိုးတပ်ဖွဲ့အကြောင်းကိုသာ ဦးစားပေး ပြောကြားသွားကြောင်း သတင်းရ ရှိသည်။

မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်များက နှစ်ပေါင်းများစွာ လွှမ်းမိုး ထားခဲ့ပြီး သမ္မတဦးသိန်းစိန်က နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်း များအတွက် ကြိုးပမ်းနေသူဖြစ် သော်လည်း လူ့အခွင့်အရေးသ မားများကမူ တိုးတက်မှုများသည် ရှားရှားပါးပါး ဖြစ်သည်ဟု ယူဆ နေကြကြောင်း ဂျာမန်သတင်း ဌာန Tagesschau က ရေးသား ထားသည်။

ဂျာမန်သတင်းဌာနများကမူ ဂျာမနီသို့လာရောက်သော သမ္မတ ဦးသိန်းစိန်သည် စကားပြော ကောင်းသူတစ်ဦး မဟုတ်သော် လည်း မြန်မာ့သမိုင်းအတွက် အ ရေးပါသူဖြစ်ကြောင်း၊ ပြဿနာ များစွာရှိနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် ဦး သိန်းစိန်က အနည်းငယ်ဖြေရှင်း ပေးနိုင်ကြောင်း ဆိုထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့်အဖွဲ့သည် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံ များသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စက်တင်ဘာ ၁ ရက်က ထွက်ခွာသွားခြင်းဖြစ်သည်။


7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်