Friday, June 29, 2012

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံသို့ ပြန်လည်ပြုပြင်မွမ်းမံထားသည့် ရဟတ်ယာဉ် ၃ စင်းကိုလွှဲပြောင်းပေးပို့သွားမည်ဟုဆို

Posted by Anonymous Friday, June 29, 2012, under | No comments

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ သို့ပြန်လည်ပြုပြင် မွမ်းမံထား သည့် Mi-25 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃စင်း ကိုစီစဉ်ထား သည့်အတိုင်း လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့လွှဲပြောင်း ပေးမှုသည် နှစ်နိုင်ငံ အကြား ၂၀၀၈ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့သည့် ကန်ထရိုက် စာချုပ်တစ်ရပ် အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း ရုရှားစစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး အလက် ဇန္ဒားဖိုမင်က ဇွန်လ ၂၈ ရက်နေ့ တွင်ပြောကြား ခဲ့ပါသည်။ 

သို့ရာတွင် မည်သည့် အချိန်တွင် လွှဲပြောင်း ပေးသွားမည် ဆိုသည်ကိုမူ ၎င်းက ပြောကြား ခဲ့ခြင်းမရှိပါ။ ရုရှားနိုင်ငံသည် ဆီးရီးယားနှင့် စစ်ဘက် နည်းပညာ ဆိုင်ရာ ဆက်ဆံရေး များကို ထိန်းသိမ်း ထားသော်လည်း အဆိုပါ စစ်လက်နက် ပစ္စည်း တင်ပို့မှု များမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အပေါ် အသုံးချရန် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ ထို့အပြင် ရုရှားနိုင်ငံသည် အာဖဂန် နစ္စတန်နိုင်ငံ သို့ရောင်းချခဲ့ သည့် Mi-17 B5 ရဟတ်ယာဉ် ၂၁ စင်းကို အပြီးသတ်လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ယာဉ်များ ထပ်မံရောင်းချရေး ဆိုင်ရာ ကန်ထရိုက် စာချုပ်များကို လည်းမျှော်လင့်လျက် ရှိကြောင်း ရုရှား နိုင်ငံပိုင် လက်နက် တင်ပို့ရောင်း ချရေး ကုမ္ပဏီ Rosoboronexport က ဇွန်လ ၂၈ ရက် နေ့ တွင် ပြော ကြား ခဲ့ ပါ သည်။




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်